ခမ်းနားလှပသော ဟိုတယ်ကြီးတစ်ခုပေါ်တွင် လူကိုထံအသိုင်းအဝိုင်းများဖြင့် ပြည့်နှက်နေသော မင်္ဂလာပွဲတစ်ခု။ သတို့သား၊ သတိုးသမီးမှာ ကာကွယ်ရေးဝန်ကြီး ဦးမောင်မောင်၏ သား ဒေါက်တာ စိုးမောင်နှင့် ရွှေကြာဖြူ ပိုးထည်လုပ်ငန်း နှင့် Platinum House စိန်ရွှေရတနာဆိုင်တို့၏ သမီး ဒေါက်တာမြခတ်တို့ပင်ဖြစ်သည်။ လူကိုထံ မင်္ဂလာပွဲဖြစ်သောကြောင့် အစိုးရအရာရှိများ၊ လွှတ်တော် အမတ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ကြသော မင်္ဂလာပွဲတစ်ခုပင်ဖြစ်သည်။
ထိုမင်္ဂလာပွဲတွင် မင်္ဂလာဝတ်စုံအဖြူရောင်လေးဖြင့် အလှကြီးလှနေသော သတိုးသမီးနှင့် ပုရိဿအပေါင်းတို့သာမက အမျိုးသမီးများပင် သမင်လည်ပြန်လည့်ကြည့်ရသော အမျိုးသမီးတစ်ယောက်ရှိလေသည်။ ထိုအမျိုးသမီးသည် မင်္ဂလာပွဲလာ ဧည့်ပရိသတ်များအကြားတွင် သတို့သမီးနှင့်အပြိုင် သူမ၏ အလှသည် နန်းဆန်ကာဆွဲဆောင်မှုရှိလှပေသည်။ အထူးသဖြင့် သူမ၏ ဆံပင်ပုံစံနှင့် စူးရဲသော မျက်ဝန်းတစ်စုံကြောင့်ဖြစ်လိမ့်မည်။
အနီရောင်ပိုးထည် ဝမ်းဆက်ကိုဝတ်ဆင်ထားပြီး စီးနင်းထားသော ဒေါက်မြင့်ဖိနပ်အနီရောင်မှာလည်း သူမ၏ ခြေထောက်ဖြူဖြူလေးနှင့် ပနံသင့်လှလေ၏။ ထို့အပြင် Chanel တံဆိပ်လက်ကိုင်အိတ်အနက်ရောင်အား ဘယ်ဘက်လက်မောင်းတွင် ချိတ်ကာ လမ်းလျှောက်ပုံမှာ နူးညံ့ညင်သာလှချေ၏။ လှသည်။ လှသည်ဆိုသည်ထက် ယဥ်သည်။ လှသည်၊ ယဥ်သည့် အပြင် ဆွဲဆောင်မှုလည်းရှိလှသည်။
သူမ၏ ဘေးခွဲထားသော ဆံပင်နက်နက်တိုတိုများက ပခုံးသို့ပင် မထိပါဘဲ နားရွက်အောက်ဘက်တွင် အပေါ်သို့ အနည်းငယ်ပြန် တွန့်လိပ်နေ၏။ သေချာပြောရလျှင် သူမ၏ ဆံပင်သည် တိုတိုကောက်ကောက်။ သို့သော် ထိုဆံပင်တိုတိုများမှာ သူမနှင့် လိုက်ဖက်လွန်းလှပါ၏။ ပရိသတ်များ၏ မျက်လုံးများသည်လည်း ထိုအမျိုးသမီးထံမှ မခွာနိုင်လောက်အောင်ဖြစ်လေ၏။ မျက်ဝန်းစူးစူးတွေဟာလည်း ပရိသတ်ကိုတဖန် ဖမ်းစားထားပြန်၏။
သူမသည် တခြားသူမဟုတ်ပါ။ မြန်မာနိုင်ငံတွင်သာမက အာရှနိုင်ငံအထိပါ အောင်မြင်မှုရနေသော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golden Myanmar Hotel နှင့် Easy Way Store များကို ပိုင်ဆိုင်ထားသည့်အပြင် Tulip Group Perfume ၏ လုပ်ငန်းခွဲများဖြစ်သော ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများကိုလည်း ပိုင်ဆိုင်ထားသည့် CEO ဖြစ်သော ဒေါ်မေဘရဏီပျိုပင်ဖြစ်သည်။
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
Lãng mạnMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...
