အခန်း (၆၅)

3.9K 209 26
                                    

သျှားလက်ထဲတွင် မေ့ ဆွဲကြိုးလေးကိုကိုင်ထားပြီး ရင်ထဲမှာဘလောင်ဆူနေသည်။ မေ။ မေရေ။ ဟာကွာ။ အယုတ်တမာတွေ။ အကုန်သတ်ပစ်မယ်။ သျှားလည်း ချက်ချင်းပင် Sunny ဆီသို့ဖုန်းခေါ်လိုက်၏။

"မမလေး ပြောပါ"

"Sunny အခုချက်ချင်း မေ့ ရဲ့ဖုန်းတည်နေရာကိုရှာလိုက်စမ်း။ မေ့ ကိုလူယုတ်မာတွေက ငါ့အလစ်မှာ ဆေးခပ်ပြီးဖမ်းခေါ်သွားကြပြီ။ ဟိုတည်မှာရှိနေတဲ့ ယက္ခတို့အဖွဲ့ကိုလည်းဆက်သွယ်ပြီး ဟိုတည်အနှံ့ရှာခိုင်းစမ်း။ မြန်မြန်လုပ်နော်။ အချိန်မရှိဘူး"

သျှားတစ်ယောက် ထိုသို့ပြောပြီးဖုန်းကိုအလျင်အမြန်ချလိုက်လေ၏။ ပြီး ဟိုတယ်ထဲဝင်ကာ နေရာအနှံ့လိုက်ရှာမိတော့သည်။ မေ့ ဖုန်းရဲ့တည်နေရာကိုရှာနေကြတဲ့ Sunny မှာလည်း ပြာယာခတ်နေသည်။ ဒုက္ခပါဘဲ။ လူယုတ်မာတွေက မမလေးအလစ်ကိုစောင့်ပြီးဖမ်းခေါ်သွားကြတာဘဲ။ Sunny ကိုပြောနေတဲ့ မမလေးရဲ့အသံက ဒေါသထွက်နေတဲ့အသံနဲ့ စိတ်ပူနေတဲ့အသံတို့ကရောထွေးနေပါ၏။ Sunny တို့တောင် ဒီလိုဖြစ်နေရင် မမမေဘရဏီပျိုရဲ့ ပိုင်ရှင်ဖြစ်သော မမလေးသာဆိုရင်ဘယ်လောက်တောင် ရင်ထဲမီးတောက်နေမလည်း။ Sunny ကိုယ်ချင်းစာပါ၏။ Rosy ကလည်း မနေသာတော့ဘဲ ကားထဲမှထွက်ရန်ဟန်ပြင်လိုက်လေသည်။

"Sunny ငါ မမလေးအနောက်ကိုလိုက်သွားပြီး မမလေးမေဘရဏီပျိုကိုသွားရှာလိုက်အုံးမယ်။ ထူးခြားရင်အကုန်လုံးကိုလှမ်းဆက်သွယ်လိုက်ပါ"

Rosy တစ်ယောက်ပြောပြောဆိုဆိုနှင့် ကားပေါ်မှအလျင်အမြန်ပင်ဆင်းကာ Hotel ခြံဝန်းထဲသို့ပြေးကာဝင်သွားလေသည်။

မေ့ ကိုရှာနေတဲ့ သျှားရဲ့မျက်ဝန်းအိမ်မှလည်း မျက်ရည်လေးများကစီးကျလို့လာခဲ့သည်။ တောက်! ဟာကွာ။ မေ...။မေ သာတစ်ခုခုဖြစ်ရင် ငါ့ကိုငါလည်းခွင့်လွှတ်မှာမဟုတ်ဘူး။ မေ ရယ်။ ကလေးလေး။ ခဏလောက်စောင့်ပါအုံးနော်။ မောင် အမြန်လာခဲ့မယ်။ မောင့် ကလေးလေးဆီကို မောင် အမြန်လာခဲ့မယ်။ သျှားလည်း ဓာတ်လှေကားဖြင့် တတိယထပ်ကိုတက်ကာရှာလေတော့သည်။ ယက္ခတို့အဖွဲ့က စတုတ္ထထပ်မှာရှာ နေသည်။

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now