အခန်း (၃၃)

3.8K 191 0
                                    

သျှား တို့ကားလေးလည်း အိမ်အပြန်လမ်းသို့တရွေ့ရွေ့မောင်းလာခဲ့သည်။

"မေ နောက်တစ်ခါ ဒေါ်လေးနဲ့ စျေးသွားဝယ်မယ်ဆိုရင်လည်း မောင် လိုက်ခဲ့မယ်နော်။ အခုတောင် မျက်နှာရူးကောင်တွေလိုက်နှောက်ယှက်နေတာတွေ့လား"

သျှား စကားကြောင့် မေ လည်းသွားတန်းလေးများပေါ်အောင် ရီမိလိုက်လေသည်။ မေ စိတ်မပူဘူးလေ မောင်ရဲ့။ မောင် သေချာပေါက်လိုက်လာမယ်ဆိုတာ မေ သိနေတာပေါ့။

"ဟုတ်ပါပြီ မောင်ရယ်။ နောက်တစ်ခါ မောင် ပါမှဘဲသွားတော့မယ်နော်။ ဒါနဲ့ မောင် သတိထားမိလားတော့မသိဘူး။ မောင့် သူငယ်ချင်းလေ သဝဏ်ဆိုလား အဲ့ဒီကောင်မလေးက အမနန်းကိုကြည့်နေများလေ ရွှန်းရွှန်းစားစားနဲ့သိလား။ သူက အမနန်းကိုစိတ်ဝင်စားနေသလားလို့"

မေ့ စကားကြောင့် သျှားလည်းရီလိုက်လေသည်။ မောင့် အမျိုးသမီးလေးကလည်း လူကဲခတ်တော်လှပါ့လား။

"ဟုတ်တယ်လေ မေ ရဲ့။ သဝဏ်က ဒေါ်လေးကိုစိတ်ဝင်စားနေတာလေ။ အဲ့ဒါကြောင့် သူလည်း မျက်နှာရူးနှစ်ကောင်ကို လိုက်ဆော်မလို့ မောင်နဲ့အတူချောင်းတာပေါ့။ ဟားးး။ မောင့် ဒေါ်လေးကို ငယ်ငယ်ချောချောကောင်မလေးနဲ့ ဖူးစာဆုံပေးလိုက်မယ်"

သျှား စကားကြောင့် မေ လည်း သျှားကို မျက်စောင်းခပ်လှလှပစ်ပေးလိုက်သည်။

"မောင့် သူငယ်ချင်းကလည်းနော်။ မောင်နဲ့ တအူတုံဆင်းဘဲ။ သိလား။ ကောင်မလေးကလည်း ချစ်စရာလေးပါ။ တော်ပြီးထက်မယ့်ပုံစံလေး။ ဘာဘဲဖြစ်ဖြစ် အမနန်းအတွက်တော့ စိတ်အေးရတာပေါ့"

မေ ကလည်း ဒေါ်လေးအတွက် စိတ်အေးသွားတဲ့လေသံလေးဖြင့်ပြောရှာသည်။ သျှားလည်း ဒေါ်လေးအတွက် စ်ိတ်အေးပါ၏။ သို့ပေမဲ့ သဝဏ်က ဒေါ်လေးကို  လင်သေသားသေ မုဆိုးမတစ်​ယောက်မှန်းမသိသေးပါ။ သူသိရင် ဒေါ်လေးကို လက်ခံပါ့မလားဆိုပြီး သျှား စိတ်ပူမိပါ၏။

သဝဏ်တစ်ယောက်လည်း ဝင့်ဝါကိုဝင်ခေါ်ပြီး သကာလ ဇင်မာ့ကိုလည်းဝင်ခေါ်ကာ သူတို့အိမ်တို့ပြန်လိုက်ပို့ပေးလိုက်လေသည်။ ပြီး အိမ်ပြန်လမ်းဆီသို့ ဦးတည်လိုက်လေသည်။ အိမ်ရောက်တော့ ရေမိုးချိုးပြီး ညစာကို ကြက်ဥထမင်း​ကြော်လုပ်စားလိုက်လေသည်။ သဝဏ်က ဒီလိုဘဲ ဖြစ်သလိုစားနေကြ။ ဗိုက်ပြည့်ရင်ပြီးတာဘဲလေ။

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now