အခန်း (၄၇)

4K 181 4
                                        

ကောင်းကင်ယံတွင် ငွေစန္ဒာလမင်းတစ်စင်းတည်းသာထွန်းလင်းလို့နေသည်။ ထို့အတူ ကြယ်ပွင့်လေးများမှာလည်း ဟိုတစ်စုဒီတစ်စုဖြင့် ညရဲ့အလှတရားကိုတစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနေသယောင်။ သဝဏ်တစ်ယောက်မှာလည်း ဝန်ရံတာတွင်ထွက်ကာ ကော်ဖီတစ်ခွက်ဖြင့် ညရဲ့အလှတရားကိုအပြည့်အဝခံစားနေလေသည်။ သို့ပေမဲ့ အပြည့်အဝကြီးတော့မခံစားနိုင်ပါ။ စိတ်ထဲ တစ်စုံတစ်ယောက်ကိုလွမ်းနေမိသလိုလို။ လွမ်းလိုက်တာ အန်တီရယ်။ သဝဏ် အန်တီ့ကိုအရမ်းလွမ်းတာဘဲ။ အန်တီ့အသံလေးကိုလည်းသဝဏ်မကြားရတာ ငါးရက်လောက်တောင်ရှိပြီလေ။ သဝဏ် အန်တီ့ဆီကိုလည်းဖုန်းဆက်ဖို့မဝံ့ရဲဘူးဖြစ်နေတယ်။ သဝဏ်ကြောင့် အန်တီစိတ်အနှောက်အယှက်ဖြစ်သွားမှာလည်းစိုးရိမ်မိပါတယ် အန်တီ။ ဘယ်လိုလုပ်ရမလည်းဟင်။ သဝဏ်ဘယ်လိုလုပ်ရမလည်း။

သဝဏ့်ရဲ့ မျက်လုံးအိမ်မှ မျက်ရည်ကြည်လေးများက အလိုလိုနေရင်းစီးကျလာခဲ့သည်။ ဘယ်ဘက်ရင်ဘက်ထဲကလည်း တစ်ဆစ်ဆစ်နာကျင်မိပြန်၏။ ပြီး နန်းဆန်ကာသိမ်မွေ့လွန်းလှသော အန်တီ့ရဲ့မျက်နှာလေးနဲ့ နှုတ်ခမ်းကိုက်တဲ့အမူအရာလေးများက သဝဏ့်ရဲ့မှတ်ဥာဏ်ထဲဝယ် ရုပ်ရှင်ပြသလို တစ်ခန်းပြီးတစ်ခန်းပေါ်လာလေ၏။ သိပ်ချစ်ရလွန်းလို့ သဝဏ် မျက်ရည်တောင်ကျမိပါတယ် အန်တီရယ်။ သဝဏ့်ကိုသနားသောအားဖြင့် သဝဏ့်ရဲ့အချစ်တွေကိုမြင်ကြည့်ပါ့လားဟင်။ မဖြစ်ဘူး။ မနက်ဖြန် သျှားနဲ့တွေ့ပြီး အန်တီ့အကြောင်းကိုမေးကြည့်မှ။ ဒါမှ အကျိုးအကြောင်းသိရမှာ။ ထို့နောက် သဝဏ်လည်း အခန်းထဲသို့ဝင်ခဲ့လိုက်လေသည်။

နန်းတစ်ယောက်မှာလည်း ဒီနေ့မှစိတ်ထဲကနေလို့မကောင်းဖြစ်နေသလိုလို။ ဘာဖြစ်မှန်းလည်းမသိပါ။ သို့သော်စိတ်ထဲတော့ တစ်ခုခုကိုအလိုမကျဖြစ်နေသည်။ ဘာလို့လည်းဟင်။ ငါ တစ်ယောက် ယောက်ကိုလွမ်းနေမိတာလား။ ဘယ်သူ့ကိုလည်း။ ကလေးမလေးကိုလား။ ကလေးမလေးလည်းငါ့ဆီကိုဖုန်းမဆက်ပါလား။ ဘာများဖြစ်လို့ပါလိမ့်။ နေရောကောင်းရဲ့လား။ ငါပြောလိုက်မိလို့များ ကလေးမလေးကွယ်ရာမှာငိုနေလိမ့်မလား။ ကလေးမလေးရယ်။ အန်တီတောင်းပန်ပါတယ်နော်။ အန်တီ့ကိုခွင့်လွှတ်ပေးပါကွယ်။ ထို့နောက် နန်းလည်း အတွေးတို့ကိုဖြတ်တောက်လိုက်ကာ အိပ်စက်ခြင်းဆီသို့ဦးတည်လိုက်လေသည်။

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now