အခန်း (၄၄)

3.1K 178 3
                                    

နန်းရဲ့ရင်ခွင်ထဲမှာ တရှုံရှုံငိုကြွေးနေတဲ့ သဝဏ်တစ်ယောက်မှာလည်း ဘာလို့မျက်ရည်ကျမိမှန်းသူမကိုယ်သူမတောင်မသိတော့ပါ။ အန်တီက သူ့ကိုချစ်ရင် နာကျင်ရမယ်လို့ဆိုလိုချင်တာလား။ အန်တီ့ကိုချစ်မိလို့ နာကျင်ရမယ်ဆိုရင်တောင် သဝဏ် အဲဒီ့ဝဋ်ကြွေးကိုကျေကျေနပ်နပ်ကြီးခံယူပါ့မယ် အန်တီ။ သဝဏ်လေ အန်တီ့ကိုသိပ်ချစ်နေမိပြီ။

ငါးမိနစ်ခန့် ငိုနေရာမှ သဝဏ်လည်း နန်းရဲ့ရင်ခွင်ထဲရောက်နေမှန်းသတိထားမိတော့သည်။ သဝဏ့်ရဲ့ နှလုံးခုန်သံက မြန်သထက်မြန်လာလေသည်။ အန်တီ့ရဲ့ ကိုယ်သင်းရနံ့လေး။ အန်တီ့ရဲ့ နူးညံ့အိစက်နေတဲ့ရွှေရင်အစုံလေး။ နောက်ပြီး အန်တီ့ရဲ့ ဖြူဖွေးနူးညံ့နေသော လက်သွယ်သွယ်လေးများက သဝဏ့်ရဲ့ကျောပြင်လေးကိုခပ်ဖွဖွလေးဖတ်ကာထားလို့နေသည်။ နွေးလှပါဘိ။ အန်တီ့ရဲ့ရင်ခွင်လေးက နွေးထွေးလှပါဘိ။ ဒီအချိန်လေးကိုခဏလောက်ရပ်တန့်ထားလို့ရရင်ကောင်းမှာဘဲ။ သဝဏ်လေ အန်တီ့ရင်ခွင်ထဲကနေ မထွက်ချင်တော့ဘူး အန်တီရယ်။

သဝဏ့်ကိုဖတ်ထားတဲ့နန်းကလည်း ရင်ခွင်ထဲက သဝဏ့်ရဲ့ ရှိုက်သံကိုမကြားရတော့မှ သတိပြန်ဝင်လာလေသည်။ ဟင်..ကလေးမ။ ကလေးမလေးက မငိုတော့ပါလား။ နောက်ပြီး ငါကဘာလို့ကလေးမလေးကိုဖတ်ထားမိတာပါလိမ့်။ အို...။ မဖြစ်သင့်ဘူးလေ။ ဒါက မဖြစ်သင့်ဘူးလေ။ နန်းလည်း အလန့်တကြားဖြင့် ကလေးမလေးကို ဖတ်ထားရာမှလွှတ်လိုက်ကာ ကလေးမလေးရဲ့ ခန္ဓာကိုယ်လေးကို တစ်ဘက်သို့တွန်းထုတ်လိုက်လေသည်။ သဝဏ်လည်း နန်းရဲ့ တွန်းထုတ်လိုက်မှုကြောင့်ကြောင်အမ်းအမ်းဖြစ်သွားလေသည်။ နန်းလည်း လေသံကိုအတတ်နိုင်ဆုံးငြိမ်အောင်ထိန်းလိုက်ကာ သဝဏ့်ကိုစကားဆိုလိုက်လေသည်။

"ကားဝပ်ရှော့ကိုသာမောင်းတော့ ကလေးမ"

နန်းတစ်ယောက်ထိုသို့ပြောလိုက်ပြီး သဝဏ့်ဘက်သို့မျက်နှာလှည့်မကြည့်။ တစ်ဘက်က ကားမှန်ပြတင်းပေါက်ကိုသာ မျက်နှာလှည့်လိုက်မိတော့သည်။ သဝဏ်လည်း နန်း က ထိိုသို့ပြောလိုက်သော်လည်း စိတ်ထဲကြည်နူးသွားရပါ၏။ မကြည်နူးဘဲနေမှာလား။ အန်တီ့ရင်ခွင်ထဲကိုရောက်ဖူးသွားပြီလေ။ အခုထိအန်တီ့ရဲ့ ကိုယ်သင်းရနံ့လေးကိုရနေတုန်းဘဲ။ သဝဏ်လည်း နန်းကိုဘာမှပြန်မပြောတော့ဘဲ ပြုံးတုံတူံအမူအရာဖြင့် ကားကိုသာမောင်းနှင့်လိုက်တော့သည်။

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now