သျှား က စတင်ပြီးတော့ ဂစ်တာကိုတီးခတ်လိုက်တော့သည်။ ပြီး သျှား ဆိုလိုက်တဲ့သီချင်းက ဂရေဟမ်ရဲ့ ကျေးဇူးသီချင်းလေး။
ငါဟာတစ်ယောက်တည်းလမ်းတွေပေါ်....ဂျပ်ပစီလိုဘဲခရီးနှင်ချိန်....နေဝင်ညများဖြတ်ကျော်လာ...အချိန်တွေလည်ပတ်ခဲ့...
ပူလောင်နေတဲ့ကိုယ်ဘဝထဲ...အနွံတာခံပြီးရောက်လာသူ...ဘယ်သူနဲ့မှအစားမထိုးနိုင်တယ်...ကိုယ့်ဘဝအတွက် ဒီတစ်ယောက်တည်းချစ်မယ်...
ငါဟာတစ်ယောက်တည်းညတွေအလယ်...ငွေရောင်လမင်းလှမ်းမျှော်ချိန်...ကြယ်စင်တွေနဲ့သီချင်းတွေဆို...သံစဥ်တွေဝမ်းနည်း...
မှောင်ရီနေတဲ့ကိုယ့်ဘဝထဲ...အကြင်နာခွန်အားပေးနိုင်သူ...အရာရာမှာခွင့်လွှတ်နိုင်သူ ကျေးဇူးဘဲ...မေရယ် ကျေးဇူးဘဲ...
ဒီသီချင်းက မေ အရမ်းကြိုက်တဲ့ သီချင်းလေး။
သာယာနာပျော်ဖွယ်ကောင်းသော သျှားအသံလေးနဲ့ ထိုသီချင်းမှာ ပနံသင့်လှပေသည်။ မေ့ ရဲ့မျက်ဝန်းစူးစူးလေးများက stage စင်ပေါ်မှာ ဂစ်တာတီးပြီး မေ့ မျက်နှာလေးကိုကြည့်ကာဆိုနေတဲ့ သျှားဆီကနေမခွာတော့။ မောင် ရယ် မေ့ ကို အမျိုးမျိုးပြုစားနိုင်လွန်းတယ်နော်။သီချင်းဆုံးသွားတော့ မေ က လက်ခုပ်တီးလေသည်။ သျှား လည်းဂစ်တာလေးပိုက်ကာ stage ပေါ်မှဆင်းလာလေသည်။
သျှားက ဂစ်တာကို ထိုင်ခုံဘေးမှာထောင်ထားလို က်ကာ လက်ခုပ်တစ်ချက်တီးလိုက်လေသည်။ အနက်ရောင် suit ဝတ်ဆင်ထားသောဝန်ထမ်းတစ်ယောက်ထွက်လာကာ အရိုအသေပေးပြီး သူ့လက်ထဲက ဘူးလှလှလေးကို သျှားကိုပေးလိုက်လေသည်။ ပြီး သျှားဘေးက ထောင်ထားသော ဂစ်တာကို ယူသွားလေသည်။ မေ ကတော့ အံ့သြလို့မဆုံးတော့။
"မေ မွေးနေ့အတွက် မောင့်ရဲ့ မွေးနေ့လက်ဆောင်လေ"
သျှားက ပြောပြောဆိုဆိုနဲ့ ဘူးလေးကို ဖွင့်ပြီး မေ့ ဆီကို ပေးလိုက်လေသည်။ ဘူးထဲက ပစ္စည်းလေးကိုမြင်သောအခါ မေ့ မျက်ဝန်းလေးများက ဝိုင်းစက်သွားလေသည်။
"မောင် ဒါ..ဒါက။ အရမ်းလှတာဘဲ"
"မေ ကြိုက်တယ်မလားဟင်။ လာ။ မောင်ကိုယ်တိုင်ဝတ်ပေးမယ်"
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
RomansaMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...