အခန်း (၅၀)

2.9K 217 13
                                    

အင်းစိန် CID ရုံးခန်းသို့ သဝဏ် ရောက်ရှိလာသောအခါ ထိုင်ခုံပေါ်တွင် ထိုင်နေသော မျက်နှာတွင် ဒဏ်ရာဗလပွနဲ့ ကောင်းခန့်ကိုတွေ့ရတော့ မျက်လုံး​ပြူးသွားလေသည်။ တပ်ကြပ်လှမောင်က ကောင်းခန်ရဲ့ ဒဏ်ရာများကိုဆေးထည့်ပေးနေသည်။

"ဟင် ကိုကောင်းခန့်ဘယ်လိုဖြစ်လာတာလည်း"

ထိုအခါကောင်းခန့်က နာနေတဲ့ မျက်နှာကိုလက်ဖြင့်အုပ်ရင်း သဝဏ့်ကိုပြောလိုက်လေသည်။

"အ..အ.. ကျွန်တော် ဒီမျက်နှာချင်းဆိုင်က လက်ဖက်ရည်ဆိုင်ကနေပြန်အလာမှာ စခန်းနားမရောက်ခင် အနက်ရောင်ကားတစ်စီးကျွန်တော့်ရှေ့ကိုရောက်လာတယ်။ ကားပေါ်က တုတ်ကိုယ်စီနဲ့ လူလေးယောက်က ကျွန်တော့်ကိုဘာမပြောညာမပြောနဲ့ ဝိုင်းရိုက်ကြတယ်ဗျာ။ စခန်းထဲက ကိုလှမောင်တို့အုပ်စုထွက်လာမှ အဲ့ကောင်တွေက ကားပေါ်တက်ပြီးထွက်ပြေးသွားကြတယ်။ ကျွတ်..ကျွတ်.... ကိုလှမောင် နာတယ်ဗျ"

"အော် ကျွန်တော် ညင်ညင်သာသာလေးဘဲဆေးလိမ်းပေးနေတာပါ ဗိုလ်ကြီးရယ်"

တပ်ကြပ်လှမောင်က ထိုသို့ပြောပြီး ကောင်းခန့်မျက်နှာကိုဆေးဆက်ထည့်ပေးနေ၏။

ကောင်းခန့်စကားကိုကြားရတော့ သဝဏ်လည်း တောက်တစ်ချက်ပြင်းထန်စွာခေါက်လိုက်လေသည်။ တောက်။ လူယုတ်မာတွေက သူတို့ Bar တွေကိုဝင်စီးပြီးဖမ်းတဲ့ ငါနဲ့ကောင်းခန့်ကိုပစ်မှတ်ထားနေတာဘဲ။ အကုန်လုံးကိုထောင်ထဲထည့်ပစ်မယ်။

"တော်တော်လေးကိုယုတ်မာတဲ့လူတွေပါလား။ ဘယ်သူတွေလည်းဆိုတာသဝဏ်သိတယ် ကိုကောင်းခန့်။ သဝဏ်တို့ဝင်ဖမ်းတဲ့ Bar ပိုင်ရှင်က ခိုင်းလိုက်တဲ့လူတွေဘဲ။ သဝဏ့်ကိုတောင်မှ စားသောက်ဆိုင်ထဲထိ လာဆော်တာ။ မိရင်တော့ ထောင်ထဲတစ်ခါတည်းထည့်ပစ်မယ်"

သဝဏ့်ကထိုသို့ဆိုလိုက်တော့ ကောင်းခန့်လည်းဒေါသထွက်သွားကာ တောက်တစ်ချက်ခေါက်လိုက်လေ၏။

"တောက်! နာချင်နေပြီ။ အဲဒီ့ Bar ပိုင်ရှင်ကိုမိလို့ကတော့ နှိပ်စက်ပြီးထောင်ထဲထည့်ပစ်အုံးမယ်"

ထိုစဥ် ရုံးဖုန်းကမြည်လာလေသည်။ ဖုန်းကို တပ်ကြပ်မလေးဝင့်ဝါက ကိုင်လိုက်လေသည်။ ပြီး မျက်လုံးများပြူးသွားကာ တစ်ဘက်ကိုကျေးဇူးတင်စကားပြောပြီး ဖုန်းချလိုက်၏။ ပြီး သဝဏ့်ဘက်သို့လှည့်ကာ စကားဆိုလိုက်လေသည်။

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now