သို့ဖြင့် တစ်ညလုံးမိုးများက သည်းထန်စွာရွာသွန်းနေလေသည်။ သျှား မှာလည်း မေ့ ကို တစ်ညလုံးထွေးပွေ့ထားပြီး ချစ်သူလေးကို နွေးထွေးစွာအိပ်စက်စေလိုက်၏။ မိမိမှာမူ မအိပ်စက်နိုင်ပါ။ အဓိက က ချစ်သူလေးနွေးနွေးထွေးထွေးနှင့် နှစ်ခြိုက်စွာအိပ်စက်နိုင်ဖို့လိုသည်။ မိမိမှာ ချစ်သူလေးကိုစောင့်ရှောက်ရမယ့် တာဝန်ရှိနေသည်မဟုတ်ပါလား။ ညကြီးမိုးချုပ်လမ်းကလည်း ပြတ်တာမို့လို့ပိုပြီး သတိထားနေရသည်။ တစ်ချက်တစ်ချက် ကျယ်လောင်သောမိုးခြိမ်းသံကြောင့် ချစ်သူလေးမှာ အိပ်နေရင်းဖြင့် သျှားရဲ့ ရင်ခွင်ထဲကိုပိုပြီးတိုးဝင်လာခဲ့လေသည်။ သျှားကလည်း ချစ်သူလေးကို မလွတ်တမ်းတင်းကြပ်စွာထွေးပွေ့ထားလေသည်။
သို့ဖြင့် မနက်လင်းခါနီးအချိန်ကျမှ အညိုးကြီးစွာရွာနေသောမိုးမှာ အနည်းငယ်စဲသွားလေသည်။ ထိုအခါကျမှ မေ လည်းနိုးလာလေသည်။
"မောင် မိုးစဲသွားပြီနော်။ ပြန်ကြရအောင်လေ"
မေ က ထိုသို့ပြောပြီး သျှား ရင်ခွင်ထဲမှခွာလိုက်ကာ သျှားကိုကြည့်လိုက်လေသည်။ တစ်ညလုံးမအိပ်ထားရသေးသော သျှားကိုတွေ့သောအခါ မျက်လုံးပြူးသွားလေသည်။
"ဟင်..မောင် ညက မအိပ်ဘူးလားဟင်။ မောင့် မျက်တွင်းလေးတွေကျနေတယ်။ မောင်ရယ်.."
သျှားလည်း မေ့ ကိုချစ်စဖွယ်ကောင်းအောင် ပြုံးပြကာ မေ့ ရဲ့ပါးလေးကိုမြတ်နိုးမဝစွာနမ်းရှိုက်လိုက်လေသည်။
"အားပြည့်သွားပြီလေ။ မေ့ ရဲ့ပါးလေးကိုနမ်းလိုက်လို့ မောင်အားပြန်ပြည့်သွားပြီ။ ကဲ ပြန်ရအောင်နော်"
သျှားထိုသို့ပြောပြီး ကားစက်ကိုနှိုးကာ ကားကိုမောင်းထွက်လိုက်၏။ မေ့ မှာ မောင့်ကို သိပ်ချစ်မိရုံမှတစ်ပါးမတတ်နိုင်တော့ပါ။ မောင်ရယ်။ ညက မအိပ်ဘဲနဲ့ မေ့ ကို တစ်ညလုံးစောင့်ရှောက်ပေးနေတာလားဟင်။ မေ လေ မောင် မရှိဘဲနဲ့ မနေနိုင်တော့ဘူးထင်တယ် မောင်ရယ်။
သို့ဖြင့် လမ်းတွင် မျက်နှာသစ် မနက်စာစားပြီး အိမ်သို့ပြန်လာခဲ့သည်။ ပြန်ရောက်တော့ နေ့လည် 11:00နာရီတောင်ရှိပြီဖြစ်သည်။
![](https://img.wattpad.com/cover/354209714-288-k368407.jpg)
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
RomanceMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...