သျှား တစ်ယောက် ကဗျာ့ဘေးနားမှာ ထိုင်ပြီးလုပ်ငန်းနဲ့ပတ်သတ်တာတွေကို သင်ယူနေလေသည်။ U.K ကနေ စီးပွားရေးဘွဲ့ရထားတဲ့ သျှား အတွက်ကတော့ ဒီလုပ်ငန်းတွေက မခတ်ပါ။ သျှား က ဥာဏ်လည်းကောင်းပြီး သင်လွယ် တတ်လွယ်တဲ့ သူမျိုးပါ။ နေ့တစ်ပိုင်းတွင်ဘဲ လုပ်ငန်းတော်တော်များများကို နားလည်သွားလေ၏။ ဘေးနားကနေ သင်ပေးနေတဲ့ ကဗျာတောင် မျက်လုံးပြူးသွားလေသည်။
"သျှားလေး တော်တာဟယ်။ မမတောင် သုံးလလောက် ဒီအပိုင်းကိုနားလည်အောင်ကြိုးစားရတာကို သျှားလေးက အခုနားလည်သွားပြီ။ လူကောဟုတ်ရဲ့လား"
"ဟာ မမကဗျာကလည်း။ ဒါတွေက လွယ်လွယ်လေးဟာကို။ ဒီလောက်ကတော့ သျှားခတ်မောင် အတွက် အပျော့ပါ"
"အော်..အင်းပါ။ သျှားလေး မမ အိမ်သာသွားလိုက်အုံးမယ်။ ခဏနော်"
"ဟုတ် မမကဗျာ။ ရပါတယ်"
ကဗျာလည်း ထိုင်ရာကနေထပြီး အိမ်သာကိုပြေးတော့သည်။ ထိုစဥ် သျှားဆီ ဖုန်းဝင်လာလေသည်။ သျှား ဖုန်းကိုင်လိုက်၏။
"Sunny ပြောလေ"
"မမလေး အဆင်ပြေလား။ ဘယ်လိုလည်း"
"ပြေတယ်။ မေ က ငါ့ကိုညီမအဖြစ်မွေးစားချင်တယ်တဲ့"
"ဟုတ်လား။ မမလေး။ ဒါဆို အခြေအနေက တိုးတက်နေပြီပေါ့။ ညီမအဖြစ်ကနေ ချစ်သူပေါ့နော့်။ အဲ့ဒီနောက် မဟေသီလေးပေါ့နော့်"
Sunny စကားကြောင့် သျှား ရီချင်သွား၏။ မြန်မာသာ မဟုတ်တာ မြန်မာစကားပြောတာမွတ်နေတာဘဲ။
"အေးဆေးပေါ့ Sunny ရ။ အဓိက ကတော့ မေ့ ဘေးမှာနေပြီး စောင့်ရှောက်ပေးနိုင်ဖို့ဘဲ။ ငါ့ မေ ကို ထိချင်ကြတဲ့ နှာဘူးတွေက အများကြီးဘဲ။ ဒင်းတို့ကို တဖြည်းဖြည်းချင်းဖြုတ်မှာ။ ဒါနဲ့ မင်းတို့က ငါ့အိမ်မှာ ရောက်ပြီလား"
"ရောက်ပြီ မမလေး။ Sunny တို့ မမလေးထွက်သွားပြီးမှ အထုပ်အပိုးတွေနဲ့ပြောင်းလာတာ။ မမလေးသာ ဒေါ်မေဘရဏီပျိုနဲ့ အဆင်ပြေအောင်လုပ်။ ဒီက လုပ်ငန်းတွေကို Sunny တို့နှစ်ယောက်တာဝန်ထား။ မမလေး စိတ်မပူနဲ့နော်"
![](https://img.wattpad.com/cover/354209714-288-k368407.jpg)
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
RomantikMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...