အခန်း (၄၉)

3.8K 214 16
                                        

အသိစိတ်တို့က တရိပ်ရိပ်ဝင်ရောက်လာ၏။ ပြီးလေးလံသော မျက်ခွံလေးများကိုအားယူကာဖွင့်ကြည့်လိုက်သောအခါ ပထမဆုံးမြင်ရတာကတော့ မျက်နှာကျက်ခေါင်မိုးတစ်ခု။ ထို့နောက် အားယူကာထလိုက်ပြီး ဘေးဘီဝဲယာကိုကြည့်လိုက်သောအခါ မေ့ ရဲ့စူးရှရှမျက်ဝန်းလေးများက ပြူးကျယ်သွားခဲ့သည်။

ဒါ..ဒါက။ ဘယ်နေရာလည်း။ နောက်ပြီး ဒီအခန်းကရောဘယ်သူ့အခန်းလည်း။ ငါက ဘယ်ကိုရောက်နေတာလည်း။ မေ့ ရဲ့ မှတ်ဥာဏ်တို့က တဖြည်းဖြည်းအလုပ်လုပ်လာ၏။ ငါ ဆူးလေရုံးခွဲကနေအထွက် ကားဆီကို ကဗျာနဲ့လာတာမလား။ နောက်ပြီး ငါ့မျက်နှာပေါ်ကိုအဝတ်စတစ်ခုလာအုပ်လိုက်တာကိုသိလိုက်ရတယ်။ အဲဒီ့နောက် ငါအိပ်ပျော်သွားခဲ့တာလား။ အခု ဒါက ဘယ်နေရာလည်း။ မဟုတ်မှ။ ငါ့ကိုပြန်ပေးဆွဲလာတာလား။ ဒါမှမဟုတ် ငါ့ကိုမတော်မတရားကျင့်မလို့လား။

မေ လည်း အလန့်တကြားဖြင့် မိမိကိုယ်ပေါ်သို့ငုံကြည့်လိုက်သောအခါ ဝတ်ထားတဲ့အဝတ်အစားများက မနက်ကအတိုင်းရှိနေ၍ စိတ်သက်သာရာရသွားသည်။ ထို့နောက် ကုတင်ပေါ်မှ အလျင်အမြန်ဆင်းလိုက်ကာ ပိတ်ထားသောအခန်းတံခါးရှိရာသို့သွား၏။ အခန်းတံခါးကိုဖွင့်လိုက်သော်လည်း တံခါးကပွင့်မလာ။ ကြည့်ရတာ အပြင်ကနေဂျက်ထိုးထားပုံပေါ်၏။ မေ လည်း တံခါးကိုထုရိုက်ကာ အော်လိုက်လေသည်။

"ဒီမှာ အပြင်မှာလူရှိလား။ ကျွန်မကိုဘာလို့ဖမ်းခေါ်လာတာလည်း။ လွှတ်ပေးပါ။ ရှင်တို့လိုချင်တဲ့ပိုက်ဆံကိုပေးပါ့မယ်။ ကျွန်မကိုလွှတ်ပေး"

ထိုကဲ့သို့ မေ့ ရဲ့အော်သံကို တံခါးပေါက်တွင်စောင့်နေကြသော အစောင့်နှစ်ယောက်မှာ ဂရုမစိုက်သည့်အလား ဆေးလိပ်တောင်သောက်နေကြ၏။ပြီး တစ်ယောက်နှင့် တစ်ယောက် အခန်းထဲသို့မေးငေါ့ပြလျက် နှမချင်းမစာနာသောစကားများကိုပြောကြလေသည်။

"ဟေ့ကောင် အခန်းထဲက ဒိတ်ဒိတ်ကြဲစော်လေးကတော့အော်နေပြီဟ။ ကြည့်ရတာ။ သတိရလာပြီထင်တယ်။ မေ့ဆေးက တစ်နာရီဘဲခံတာလေ"

"သတိရလာပြီပေါ့ကွ။ ဒါမှ ငါတို့ဆရာက စည်းစိမ်ခံလို့ကောင်းမှာလေ။ လေဒီလေးကအိပ်နေရင်ဘယ်feel လာလိမ့်မလည်း"

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now