အခန်း (၅၄) 🌹💖

4.6K 190 11
                                    

သျှားတစ်ယောက်မှာလည်း သဝဏ်ဖုန်းဆက်လှမ်းပြောလို့ ဒေါ်လေးက သဝဏ့်တိုက်ခန်းမှာရှိနေကြောင်းသိရသည်။ ထို့ကြောင့် Sunny တို့ဆီကိုပါ ဖုန်းဆက်ပြီး ဒေါ်လေးအတွက်စိတ်မပူဖို့ပြောထားရ၏။ ဒေါ်လေးနဲ့တော့ခတ်ပါရဲ့။ အပြင်ထွက်ရင် Sunny နဲ့ Rosy တို့နှစ်ယောက်ထဲက တစ်ယောက်ယောက်ခေါ်သွားလို့ပြောတာကို မရ။ အမြဲတမ်းတစ်ယောက်တည်းဘဲထွက်ထွက်သွားတာ။ တစ်ခါတစ်လေ သူအပြင်ထွက်သွားတာတောင်မှ Sunny တို့က မသိလိုက်ရ။ အဲဒီလို။ ဒယ်ဒီနဲ့ မတည့်တာလည်းမပြောနဲ့။ ဒေါ်လေးကလည်း သူလုပ်ချင်တာကိုလုပ်တာ။ အခု သဝဏ့်ဆီမှာတဲ့။ သဝဏ်ရေ ​ဒေါ်လေးကိုမင်းဘဲ တာဝန်ယူလိုက်ပါတော့ကွာ။ မင်းစကားဆို နားထောင်ချင်ထောင်နေမှာ။

ဒီနေ့မှ ရာသီဥတုကဘယ်လိုဖြစ်နေသလည်းမသိ။ မိုးကကောင်းနေတာလေ။ မုန်တိုင်းသတင်းတွေဘာတွေလည်းမကြားမိပါဘူး။ ထိုစဥ် ချစ်သူလေးက ရေချိုးခန်းထဲမှထွက်လာကာ ကုတင်ပေါ်သို့တက်လာ၏။ ပြီး သျှားရင်ခွင်ထဲကိုအတင်းတိုးဝင်လိုက်လေသည်။ သျှားကလည်း ချစ်သူလေးကိုတင်းကျပ်စွာထွေးပွေ့ထားလေသည်။ မိုးတွေအရမ်းသည်းနေရင် ချစ်သူလေးကကြောက်တယ်လေ။ သျှားကလည်းချစ်သူလေးကိုထွေးပွေ့ထားရင်း စကားဆိုလိုက်လေသည်။

"မေ ဒေါ်လေးကလေ အခုသဝဏ့်အိမ်မှာတဲ့ သိလား"

သျှားစကားကြောင့် မေ လည်းအံသြသင့်သွားလေသည်။

"ဟင် အမနန်းက ဘယ်လိုလုပ်ပြီးသဝဏ့်အိမ်မှာလည်း။ သဝဏ်နဲ့ချစ်သူတွေဖြစ်သွားကြပြီလား"

"ဟင်အင်း မဖြစ်သေးဘူးလေ မေရဲ့။ ဒါပေမဲ့ ဒီနေ့ညသူတို့နှစ်ယောက်ချစ်သူဖြစ်မယ်လို့ မောင် မြင်ယောင်နေတယ်။ ဒေါ်လေးကတော့ တကယ်ဘဲ။ တစ်ယောက်တည်းအပြင်ထွက်တာ။ လမ်းမှာကားဘီးပေါက်လို့ သဝဏ်နဲ့တွေ့တာလေ။ အဲဒါ သဝဏ်က ဒေါ်လေးကိုသူ့အိမ်ကိုခေါ်သွားလေရဲ့"

သျှားစကားကြောင့် မေ့ မျက်နှာလေးက ပြုံးလိုက်မိလေ၏။

"အမနန်းကတော့နော်။ ဘာဘဲဖြစ်ဖြစ် သဝဏ်နဲ့ဆို အမနန်းကို စိတ်ချရပါတယ်။ သူတို့နှစ်ယောက်မြန်မြန်ချစ်သူဖြစ်ရင်ကောင်းတယ်။ ကဲ.မောင် မေ အိပ်တော့မယ်နော်။ မနက်ဖြန် မနက် meeting ရှိသေးတယ်"

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now