မနက်မိုးလင်းကတည်းက သျှား တစ်ယောက် ဝတ်ရမယ့် အင်္ကျီကို ရွေးလို့မပြီးတော့။ သျှား ကုတင်ပေါ်တွင် အင်္ကျီများမှာ ပြန့်ကျဲနေလေသည်။
"ဒီအင်္ကျီနဲ့လည်း အဆင်မပြေသေးပါဘူး။ နဂိုကမှ ကလေကချေလို့ ခေါ်နေပါတယ်ဆို။ နောက်ထပ် အဆင့်တက်ပြီး အုတ်ကြားမြက် ပေါက်ဆိုပြီး ခေါ်နေမှ ဟုတ်ပေဖြစ်နေလိမ့်မယ်"
သျှား တစ်ယောက် ချစ်သူဆီမှာ အလုပ်သွားလျှောက်ဖို့အရေး အင်္ကျီရွေးနေတာ တော်တော်နှင့် မပြီးတော့။ အချိန်က ခုနှစ်နာရီခွဲပင်ရှိနေပြီ ဖြစ်သည်။
"ဟာ ဟုတ်ပြီ။ ဒီလိုလေးဝတ်သွားရမယ်။ ဒါမှ ချက်ချင်းအလုပ်ခန့်ချင်စိတ်ပေါက်သွားမှာ"
သျှား အောက်ခံအင်္ကျီကို ကော်လံပါသော ရှပ်အင်္ကျီ အဖြူရောင်လက်ရှည်ကို ဝတ်ဆင်လိုက်လေ၏။ ထို့နောက် အပေါ်တွင် အနက်ရောင် ကုဒ်အင်္ကျီကို ထပ်ကာဝတ်ဆင်လိုက်၏။ ပြီးနောက် ဘောင်းဘီကို စတိုင်ပန့် အနက်ရောင်ဝတ်ဆင်လိုက်တော့ ကြည့်ကောင်းသွားလေ၏။ ဆံပင်ကိုလည်း ဖားလျားမချတော့ဘဲ ခပ်မြင့်မြင့်လေး မြှောက်စီးလိုက်လေသည်။ ပြီးနောက် မှန်ထဲတွင် တစ်ပတ်လှည့်ကာကြည့်လိုက်လေ၏။
"Perfect ဖြစ်သွားပြီ"
အကုန်လုံးပြင်ဆင်ပြီးတော့ အောက်ထပ်ကိုဆင်းလာခဲ့လေသည်။
"ဟာ သမီးလေး ဘယ်သွားအုံးမလို့လည်း။ ဒီနေ့ တော်တော်လေးကြည့်ကောင်းနေပါ့လား"
အောက်ထပ်ရောက်တော့ သျှားကို ကြီးမေက ဆီးကြိုပြီးမေးလိုက်လေသည်။
"ဒီနေ့ Company တစ်ခုမှာ အလုပ်သွားလျှောက်မလို့ပါ ကြီးမေရဲ့။ အဲ့ဒါကြောင့် ဒီလိုဝတ်လာတာ။ သမီး ဗိုက်ဆာပြီ"
"အဆင့်သင့်ပါဘဲ သမီး။ ဒီနေ့ မနက်စာကို U.K စတိုင် လုပ်ပေးထားတယ် သမီး"
"ဟုတ် ကြီးမေ"
သျှားလည်း ထမင်ဝိုင်းက ထိုင်ခုံပေါ်တွင် ထိုင်လိုက်၏။ ပြီးနောက် ပြင်ဆင်ထားသော မနက်စာကို စားလေသည်။ ထိုစဥ် ဖုန်းသံမြည်လာလေ၏။ သျှား စားလက်စကို ရပ်လိုက်ပြီး ဖုန်းကို ကိုင်လိုက်၏။
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
RomanceMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...
