အခန်း (၅၃)

3K 180 9
                                    

သျှားစကားကြောင့် သဝဏ့်ရဲ့မျက်နှာလေးမှာရဲခနဲဖြစ်သွားလေ၏။ ဘာတဲ့။ သျှားက သူ့အိမ်ကိုပြောင်းနေခိုင်းတာလား။ ဒါဆို..ဒါဆို။ အန်တီ့ကိုငါ အမြဲတမ်းတွေ့လို့ရပြီပေါ့နော်။ ဟုတ်တယ်မလား။ သဝဏ်လည်း ချက်ချင်းပင် သျှားရဲ့စကားကိုတုံ့ပြန်လိုက်လေသည်။

"တကယ်..တကယ်ကြီး ငါ မင်းအိမ်ကိုပြောင်းနေရမှာလား။ အဲလိုလည်းရတယ်လား။ ငါ ပြောင်းနေမယ်။ ဟိုဟာ ငါ အန်တီ့ကိုစိတ်မချလို့နော်ဟျောင်"

သဝဏ်လည်း ထိုသို့ပြောပြီး အရှက်ပြေရှေ့မှာရှိတဲ့ ဝီစကီပုလင်းကိုယူလိုက်ကာ ဖန်ခွက်ထဲသို့လောင်းထည့်ပြီးသောက်လိုက်လေ၏။ သျှားတစ်ယောက်လည်း သဝဏ့်ရဲ့ ဖြစ်ပုံကိုကြည့်ပြီး ရီချင်သွား၏။ သဝဏ်စုတ်မ။ငြင်းတောင်မငြင်းဘူး။ ဘာဘဲဖြစ်ဖြစ်။ သဝဏ်က ဒေါ်လေးအနားမှာရှိနေတော့ သျှား ဒေါ်လေးအတွက်စိတ်ချရတာပေါ့။

"ကဲ..ဒါဆိုလည်း မနက်ဖြန်လောက်ဖြစ်ဖြစ် ပြောင်းနေလိုက်တော့။ ဒါမှ ဒေါ်လေးအတွက်လည်း ငါစိတ်ချရမှာ။ ဒေါ်​လေးဘေးမှာနေပြီးစောင့်ရှောက်ပေးလိုက်နော် သဝဏ်"

"စိတ်ချပါကွ မင်းကလည်း။ ငါ အန်တီ့ကို ကာကွယ်ပေးမှာပါ။ အန်တီကို လူယုတ်မာတွေထိဖို့စိတ်မကူးနဲ့။ ဒါဆို သျှား မင်းဘာဆက်လုပ်မယ်လို့စိတ်ကူးထားလည်း။ ငါ သူတို့ပိုင်တဲ့ Bar တွေကိုတစ်ခါတည်းဝင်စီးလိုက်တော့မယ်"

သဝဏ့်စကားကြောင့် သျှားလည်း မိမိရဲ့မေးစေ့ကိုပွတ်ပြီး စဥ်းစားနေလိုက်၏။ ခဏပါဘဲ။ ပြီး သဝဏ့်ကိုစကားပြန်ပြောလိုက်လေသည်။

"မစီးသေးနဲ့အုံး သဝဏ်။ ဒီကောင်ရှိုင်းထက် ဒီရက်ပိုင်း ဘာမှမလုပ်နိုင်သေးဘူး။ အဲဒီတော့ မင်းတို့ရဲတပ်ဖွဲ့က ဒီကောင်တွေပိုင်တဲ့ Bar သုံး Bar ကို ခြောက်လိုက်။ ငါပြောတာ သဘောပေါက်တယ်နော် သဝဏ်"

သျှားစကားကြောင့် သဝဏ်ရဲ့ မျက်ခုံးက တစ်ချက်ပင့်သွားလေသည်။ ပြီး သျှား ကိုစကားဆိုလိုက်၏။

"ငါ သဘောပေါက်တယ် သျှား။ ဒီကောင်တွေဘာမှမလုပ်နိုင်အောင် ကြိုးနဲ့တုတ်လိုက်တဲ့သဘော"

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now