အခန်း (၂၂)

5K 236 5
                                    

မနက်ခင်း ရောင်နီလာသောအခါ သျှားတစ်ယောက် နိုးထလို့လာခဲ့လေသည်။ သျှားကို နူးညံ့နွေးထွေးစွာဖတ်ထားတဲ့ မေ ကတော့ မနိုးသေးပါ။ မေ့ ရင်ခွင်လေးကနူးညံအိစက်ပြီး မွှေးနေတာဘဲ။ သျှား သဘောကျလိုက်တာ။ ကိုယ်သိပ်ချစ်ရတဲ့ အမျိုးသမီးလေးက ဒီလိုမျိုးကိုယ့်ချစ်သူဖြစ်လာလိမ့်မယ်လို့မထင်ထားမိဘူး။ ထိုစဥ် သျှားရဲ့ မှတ်ဥာဏ်ထဲမနေ့ညက ပါတီကိစ္စအကြောင်းကိုတွေးမိလေသည်။ သျှား တစ် ယောက် အေးစက်စွာ​ပြုံးမိလိုက်လေ၏။ ဒီနေ့ ဦးထင်လင်းကိုငရဲပို့မယ့်နေ့ဘဲ။

ထိုစဥ် သျှားကိုဖတ်ထားတဲ့ မေ ကလည်းနိုးထလို့လာခဲ့လေသည်။ ရင်ခွင်ထဲက ချစ်ရသူလေးနိုးသွားမှာဆိုးသည့်အလား သျှားရဲ့ ခန္ဓာကိုယ်​လေးကို အသာအယာလေး လွှတ်လိုက်လေသည်။

"မောင် နိုးနေပါပြီ မေ ရဲ့။ မေ မနိုးသေးလို့ မောင် လည်းအသာငြိမ်နေလိုက်တာလေ"

ထိုအခါကျမှ မေ လည်း သျှားကို ဖတ်ထားရာမှခွာလိုက်ကာ ထထိုင်လိုက်လေသည်။ သျှား ကလည်း ထထိုင်လိုက်လေသည်။

"မောင် မျက်နှာသစ်ရေသွားချိုးတော့နော်"

"ဟုတ် မေ။ ဒါဆို မောင့်ကို အာဘွားအရင်ပေး"

သျှားစကားကြောင့်မေလည်း သျှားကို မျက်စောင်းတစ်ချက်ပစ်လိုက်လေသည်။

"မောင်နော်။ သွားပါ။ ရေချိုးတော့နော်။ လိမ္မာတယ်"

"ချိုးမယ်လေ။ ဒါပေမဲ့ အာဘွားအရင်ပေးလို့"

နှုတ်ခမ်းကြီးစူကာ ကလေးဆိုးကြီးတစ်ယောက်လို ဂျီဂျနေသော မောင့်ကို မေ မနိုင်ပါ။ မောင်ရယ်။ ညတုန်းကလည်းငိုပြီးပြီ။ အခုလည်းဂျီကျနေပြန်ပြီ။ တကယ့်ကို လူဆိုးမလေးဘဲ။

မေ တစ်ယောက် သျှားရဲ့ ပါးပြင်လေးပေါ်သို့နူးညံ့ညင်သာစွာအနမ်း​လေးတစ်ပွင့်ချွေချလိုက်လေသည်။ ထိုအခါကျမှ သျှား ရဲ့မျက်နှာက ပြုံးဖြီးသွားလေသည်။ အမြင်ကပ်စရာလေး။

"ကဲ မောင် ရေသွားချိုးတော့နော်"

"ဟုတ် မေ"

သျှားတစ်ယောက် ကုတင်ပေါ်မှဆင်းကာ ရေချိုးရန်အတွက် သူ့အခန်းဆီသို့သွားလေသည်။

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now