သျှားတစ်ယောက် သူ့အခန်းထဲသို့ပြန်ရောက်သောအခါ Sunny ကိုဖုန်းပြန်ခေါ်လိုက်၏။
"Sunny မနက်ခင်းစောစောစီးစီး ငါ့ကိုပျားတုတ်အောင်လုပ်နေတာလား။ ပြော ဘာအကြောင်းထူးလို့လည်း"
တစ်ဘက်မှ Sunny ကလည်း တခွီခွီနဲ့ရီနေလေသည်။ ရီလို့ဝတော့မှ သျှားကိုစကားပြန်ပြော၏။
"မမလေးကလည်း။ Sunny က မနေ့က မမလေးတို့နှစ်ယောက်အဆင်ပြေလားလို့ အခြေအနေကိုသိချင်လို့ မနေနိုင်တော့လို့ ဖုန်းလှမ်းဆက်လိုက်တာ။ အဆင်ပြေနေတာဘဲ။ အတူတူတောင်အိပ်တဲ့အဆင့်ကိုရောက်နေပြီဘဲ။ ငါ့တို့မမလေးက လက်သွက်တယ်ဟ"
ဒီ ကပြားမကတော့။ မြန်မာမဟုတ်လို့သာတော်တော့တယ်။ မြန်မာသာဆိုရင် လူကိုရောင်းများစားမလားမသိ။
"ဟာ။ Sunny ကလည်း။ မေ့ ကိုငါဘာမှမလုပ်ရသေးပါဘူးဟ။ မြတ်နိုးလွန်းလို့ တန်ဖိုးထားနေရတာ။ မထိရက်မကိုင်ရက်လေးမို့လို့လေ။ အဲ့ဒါအခု မင်းနဲ့ဘယ်လိုပတ်သတ်တာလည်းတဲ့။ငါက လည်း သူငယ်ချင်းလို့ပြောထားလိုက်တယ်"
သျှားစကားကြောင့် Sunny ကတခွီခွီနဲ့ထပ်ရီပြန်၏။ ဒိီကပြားမကတော့။
" အမလေး မမလေးရယ်..။ မြေအောက်လောကရဲ့ လူတကာ ဖိတ်ဖိတ်တုန်အောင်ကြောက်ရတဲ့ ဘုရင်မက အခုချစ်သူနဲ့တွေ့မှ ပြားပြားဝပ်နေပါ့လား။ မနက်က ဒေါ်မေဘရဏီပျိုမှန်းသိတော့ Sunny ကလည်း ဘာပြောရမှန်းမသိတာနဲ့ english လို ပြောထည့်လိုက်တာ။ ဒေါ်မေဘရဏီပျိုကလည်း pronunciation ကျကျပြန်ပြောနိုင်တယ်။ ခေသူတော့ မဟုတ်ဘူးနော်။ ကဲ အဲ့ဒါဆိုလည်း Sunny တို့ကို ဒေါ်မေဘရဏီပျိုနဲ့မိတ်ဆက်ပေးတော့လေ။ Sunny တို့လည်း သူနဲ့ ရင်းနှီးချင်လာပြီ"
Sunny စကားကို သျှားလည်းသဘောတူလိုက်လေသည်။ မေ က အရင်ကတည်းက သူငယ်ချင်းတွေနဲ့ မိတ်ဆက်ခိုင်းနေတာမလား။ နို့မို့ ချစ်သူလေးက ဘာမှမဟုတ်ဘဲနဲ့ သျှားကို သဝန်တိုပြီး ပူလောင်နေပေလိမ့်မည်။ ချစ်သူလေးကို သျှား ဘယ်လိုနည်းနဲ့မှ အထိအခိုက်မခံနိုင်ပါ။ ချစ်သူလေး ရွှေစိတ်တော်ညိုသွားမှာကိုလည်းမလိုလားပါ။
"အေးပါ Sunny ရဲ့။ ဒါဆို ဒီနေ့ မနက် 9:00 လောက် Tulip Group ရုံးချုပ်နဲ့ မျက်နှာချင်းဆိုင် Morning Cafe မှာ ဆုံမယ်လေ။ မေ့ ကိုလည်း မင်းတို့နဲ့မိတ်ဆက်ပေးချင်နေတာ။ နောက်ပြီး မေ့ ရှေ့မှာ ငါ့ကို မမလေးလို့ မခေါ်နဲ့နော်။ သတိထားအုံး။ Rosy ကိုပါခေါ်လာခဲ့"
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
Lãng mạnMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...
