အခန်း (၈)

6.4K 272 2
                                        

မေ ထွက်သွားသောအခါ ထိုမျက်နှာရူးနှစ်ယောက်မှာ တစ်ယောက်မျက်နှာတစ်​​ယောက် အခဲမကျေသလိုကြည့်လိုက်ကြ၏။

"ခင်ဗျားကြောင့် မမ ကဟိုဘက်ထွက်သွားတာဗျ။ သိလား။ အလကားလူကြီး"

"ဘာပြောတယ်။ မင်း သာ ပျိုလေးဘေးနားမှာ ရစ်သီရစ်သီနဲ့မလုပ်ရင် ပျိုလေးက ထွက်သွားစရာဘာအကြောင်းမှမရှိဘူးကွ"

"တော်ပါ ဘဲကြီးရာ။ ခင်ဗျားက မမကို ရမယ်များထင်နေတာလား။ ဒီမှာ ဒေါ်မေဘရဏီပျိုက ဒီက ရှိုင်းထက် အတွက်ဘဲဗျ။ ရှင်းလား။ ဒေါ်မေဘရဏီပျိုရဲ့ ခင်ပွန်းလောင်းက ကျူပ်ဘဲဗျ။ ကျုပ်က ငယ်ငယ်ချောချော။ ပျိုတိုင်း​​ကြိုက်တဲ့ နှင်းဆီခိုင်။ ခင်ဗျားလို အသက်ကြီးပြီး အချိန်မစီးတဲ့သူ မဟုတ်ဘူးဗျ..ဟင်း..ဟင်း"

ရှိုင်းထက်စကားကြောင့် ဦးထင်လင်းမျက်နှာကရှုံမဲ့သွားလေသည်။

"ဟေ့ကောင်.. မင်းစကားက လွန်လာပြီ။ ပျိုလေးကို ငါဘဲပိုင်ရမယ်။ ပျိုလေးက ငါ့အတွက်ဘဲကွ။ မင်း​စောင့်ကြည့်နေလိုက်။ ငါတို့နှစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို အကြီးကျယ်ဆုံးလုပ်ပစ်မယ်"

ဦးထင်လင်းစကားကြောင့် ရှိုင်းထက်တစ်ယောက်ဟားတိုက်ရီလိုက်လေသည်။

"ဟား..ဟား။ ဦးလေးက ဟာသအရမ်းပြောတတ်တယ်နော်။ ဦးလေးဖိတ်စာဘဲရောက်မလား။ ကျွန့်တော့်ဖိတ်စာဘဲရောက်မလားဆိုတာ ကြည့်ကြသေးတာပေါ့။ ကဲ.. သွားပြီဗျာ။ မမေ့နဲ့နော်။ ဦးလေးက ကျွန်​တော့်ပြိုင်ဘက်ဆိုတာ"

ရှိုင်းထက်တစ်ယောက် ရီမောလျက် ဟိုဘက်ဝိုင်းဆီသို့ ထွက်သွားလေ၏။ ဦးထင်လင်းမှာ နွားသိုးကြီးအလား တရှူးရှူးဖြင့် ဒေါသထွက်စွာ ကျန်ခဲ့လေသည်။

ထို့နောက် လွှတ်တော်အမတ်ချုပ်ကတော်နှင့် ရီရိီမောမောစကားပြောနေသော မေ့ ဆီသို့တစ်ချက်ကြည့်ကာ ကောက်ကျစ်စွာပြုံးလိုက်လေသည်။
ဦးထင်လင်းတစ်ယောက် သူ့ဖုန်းကိုထုတ်ကာ တစ်နေရာသို့ဖုန်းဆက်လိုက်လေသည်။

"မင်းတို့ကောင်တွေ လူပြတ်တဲ့လမ်းတစ်နေရာမှာ ကားဘီးပေါက်အောင်လုပ်လိုက်ကြ။ ပြီးရင် သူ့ကို မထိခိုက်စေဘဲနဲ့ ဖမ်းခေါ်လာခဲ့။ ကြားလား။ လိုအပ်ရင် မေ့ဆေးအုပ်ခဲ့လိုက်။ ပိပိရိရိလုပ်နော်။ ဒါဘဲ"

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now