ည 9:00 တောင်ထိုးပြီ။ သျှား တစ်ယောက်အခုထိပြန်မလာသေး။ ဘယ်ကိုသွားပြီး ဘာများလုပ်နေတာပါလိမ့်။ တစ်နေကုန် မေ့ ဆီကို ဖုန်း မဆက် ဘာမဆက်နဲ့။ မနက်ကတည်းက ထွက်သွားတာပေါ်မလာတော့။ မေ့ ကျတော့ အပြင်မထွက်နဲ့တဲ့။ ဒါတရားသလား သျှားခတ်မောင်။ မေ တစ်ယောက် သျှားအပေါ် စိတ်ပူတာရော၊ စိတ်ထဲဘဝင်မကျတာရော ရောထွေးနေပါ၏။
အခန်းရှေ့က ဝန်ရံတာကနေ ခြံတံခါးဝရှေ့ကို မျှော်ကြည့်ရတာလည်းအမော။ တစ်ခါမှ မေဘရဏီပျိုဒီလိုမျိုးမဖြစ်ဘူးပါ။ အခုတော့ သျှားခတ်မောင်ဆိုတဲ့ ဂျစ်ကပ်ကပ်ကလေကချေမလေးကြောင့် ဒီလိုမျိုးတွေစိတ်ပူနေရပါပြီ။ မေ့ ကိုတစ်ယောက်တည်း ထားများသွားပြီလားဆိုတဲ့ စိတ်ကလေးကလည်းဝင်လာပါ၏။ မေ့ မျက်လုံးအိမ်က မျက်ရည်လေးအလိုလိုဝိုင်းလာ၏။ အို...ငါဘာဖြစ်နေတာလည်း။ ဘာလို့ ဝမ်းနည်းနေတာပါလိမ့်။ ဖေဖေနဲ့မေမေကိုလည်း ဆုံးရှုံးရခဲ့ပြီးပြီ။ အဒေါ်ကိုလည်းဆုံးရှုံးခဲ့ရပြီးပြီ။ ထပ်ပြီးတော့ သူလေးကိုတော့ မဆုံးရှုံးချင်ပါ။ ဒါက မေ့ ရဲ့မသိစိတ်က သျှားအပေါ်မှာ ခံစားနေရတဲ့ ခံစားချက်တွေလား။
မေ တစ်ယောက် မနေနိုင်တော့။ အောက်ထပ်ကို ဆင်းလာပါသည်။
"ဟင် သမီးပျို မအိပ်သေးဘူးလား။ ခါတိုင်းဆို သမီး ဒီအချိန်အိပ်ပါပြီ"
အောက်ထပ်ကိုရောက်တော့ ကြီးကြီးမိုးက ဆီးကြိုကာမေးလိုက်လေသည်။
"ဟုတ် ကြီးကြီးမိုး။ သမီး အိပ်မပျော်သေးလို့ပါ။ အဲ့ဒါ ခြံထဲမှာ လေညှင်းခံရင်း လမ်းထွက်လျှောက်မလားလို့လေ"
"အေးကောင်းတယ်သမီးရဲ့။ ကြီးကြီးမိုးတို့က အိပ်တော့မယ်။ ဒါနဲ့ သမီးသျှား တစ်ယောက် ပြန်မလာသေးဘူးနော်။ သူ့ပြန်လာရင် ဦးဝင်းထိန်ကို ခြံတံခါးဖွင့်ပေးဖို့မှာထားတယ်။ ဒီအိမ်တံခါးမကြီးကို ကြီးကြီးမပိတ်တော့ဘူးနော်။ သမီး လမ်းလျှောက်အုံးမှာဆိုတော့"
"ဟုတ် ရတယ် ကြီးကြီး။ သမီးဘဲ ပိတ်လိုက်ပါ့မယ်"
"အေးအေး သမီး။ ဒါဆိုကြီးကြီးသွားပြီနော်"
ကြီးကြီးမိုးက ထိုသို့ပြောပြီး သူ့အခန်းဆီသို့ထွက်သွားလေသည်။ မေ လည်း ခြံထဲသို့ထွက်ခဲ့လိုက်၏။ ခြံထဲရောက်သောအခါ ဒန်းလေးပေါ်တွင် ထိုင်ကာ သျှား ကိုမျှော်နေမိသည်။ 10:00 တောင်ထိုးတော့မှာ။ ဒီ ကောင်မလေးကအခုထိ ပြန်မလာသေး။ ဘာများလုပ်နေတာပါလိမ့်။
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
RomanceMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...