အခန်း (၅၇)

3.1K 162 14
                                    

ထမင်းစားတော့ နန်းက သဝဏ့်ပန်းကန်ထဲတွင် ဟင်းတွေခပ်ထည့်ပေးလေသည်။ သဝဏ်လည်း နန်း ခပ်ထည့်ပေးသမျှကို မငြင်းပါ။ အကုန်စားလိုက်လေသည်။ ငြင်းရင် အန်တီကမကြိုက်ဘူးလေ ဟုတ်တယ်မလား။ နန်း ကလည်း သဝဏ်စားနေတာကိုကြည့်ပြီး မျက်နှာသွယ်သွယ်လေးက သိမ်မွေ့စွာပြုံးမိလိုက်လေသည်။ ကလေးက ဒီလိုလေးကျတော့ ချစ်ဖို့ကောင်းနေတာဘဲ။ ဒါပေမဲ့ လူမိုက်တွေကို ချရင်တော့ ပုံစံတစ်မျိုး​ပြောင်းသွားပြန်ရော။ ဘယ်လိုလေးပါလိမ့်။ နန်းလည်း သဝဏ့်ကို သတိလက်လွတ်စွာငေးကြည့်နေလိုက်သည်။ ထိုအခါ ကလေးမက ထမင်းကိုခေါင်းငုံပြီးစားနေရာမှ ခေါင်းမော့လာကာ နန်းကိုကြည့်လိုက်လေသည်။ ပြီး ပါးစပ်ကလည်းပလုပ်ပလောင်းဖြင့် နန်းကိုပြောလိုက်၏။

"အန်တီ သဝဏ့်မျက်နှာမှာဘာပေနေလို့လည်းဟင်"

ကလေးမက ပလုပ်ပလောင်းနဲ့စကားပြောလိုက် တော့ နန်း တစ်ယောက် ကလေးမကိုချစ်မျက်ဝန်းလေးများဖြင့်ကြည့်လိုက်ကာ စကားဆိုလိုက်လေသည်။

"ဘာမှမပေပါဘူးကွယ်။ ကလေးတောင် တို့ကိုစိုက်ကြည့်နေသေးတာဘဲ။ တို့ကလည်း ကလေးကိုပြန်ကြည့်လိုက်တယ်လေ မဟုတ်ဘူးလား"

နန်းစကားကြောင့် သဝဏ့်ရဲ့ မျက်နှာလေးက ရဲခနဲဖြစ်သွားကာ အနီးတွင်ရှိသော ဖန်ခွက်ထဲကရေကိုသောက်လိုက်၏။ နန်း လည်း သဝဏ့်ရဲ့ဖြစ်အင်ကိုကြည့်ပြီး ရီချင်သွား၏။ အော်..ငါ့နှယ်။ ကလေးရဲ့ဖြစ်ပုံကတော့။

သို့ဖြင့် ထမင်းစားပြီးတော့ နန်းလည်းအပေါ်ထပ်ကိုတက်သွားလေသည်။ သဝဏ်လည်း အနောက်ကနေလိုက်သွားတာပေါ့။ Sunny နဲ့ Rosy ကတော့ နန်းနဲ့သဝဏ်တို့နှစ်ယောက်ကို ချစ်သူဖြစ်နေကြပြီလို့ တထစ်ချမှတ်ယူလိုက်ကြလေသည်။ ဒေါ်လေးကတော့နော်။ ချစ်မယ့်ချစ်တော့လည်း ငယ်ငယ်ချောချောကောင်မလေးနဲ့။ ကြည့်ရတာ မမလေးကလည်း ​ဒေါ်လေးနဲ့ ဒီကောင်မလေးကိုသဘောတူတယ်ထင်၏။ အဲဒါကြောင့် ဒီကောင်မ​လေးကို ဒေါ်လေးဘေးနားမှာနေခိုင်းတာပေါ့။ ဘာဘဲဖြစ်ဖြစ်ပါ။ အဓိက က ဒေါ်​လေးစိတ်ချမ်းသာရင်ပြီးတာပါဘဲ။

သဝဏ်လည်း နန်းရဲ့အခန်းထဲကိုရောက်သောအခါ နှာခေါင်းထဲသို့ နှင်းဆီပန်းရနံ့လေးကိုစတင်ပြီးရရှိလာ၏။ မွှေးလိုက်တာ။ ငါတော့ နှင်းဆီပန်းဥယျာဥ်ထဲရောက်နေသလိုဘဲ။ ကြည့်စမ်းပါအုံး။ တစ်ခန်းလုံးမွှေးနေတာဘဲ။ အန်တီက တကယ့်ကိုနှင်းဆီပန်း ခရေဇီဘဲ။ ပြီး အခန်းထဲတွင်လည်း နှင်းဆီပန်းအိုးလေးတွေကို ပတ်ပတ်လည်စိုက်ထားကာ နံရံပေါ်တွင်လည်း နှင်းဆီပန်း ပိုစတာများကိုကပ်ထားလေ၏။ သဝဏ်လည်း အန်တီ့အခန်းထဲကိုလှည့်ကြည့်ရင်း အံ့သြပြီးရင်း အံ့သြနေလေသည်။

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now