သို့နှင့်စကားဝိုင်းဟာ ရောက်တတ်ရာရာပြောကြရင်း မေ့ မှာ သျှားအကြောင်းကိုပိုသိလာရသည်။ Sunny နဲ့ Rosy တို့နှစ်ယောက်ကလည်း နိုင်ငံခြားသူသာဆိုတာ ချစ်စရာကောင်းပြီး သျှားကိုလည်း ချစ်ခင်လေးစားကြောင်း တွေ့မြင်လာရသည်။ မောင် က U.K မှာ Business နဲ့ဆိုင်တဲ့ ဘွဲ့ရခဲ့တယ်။ နောက်ပြီး မောင်က စာဖိုမှူးသင်တန်း၊ အတိုက်အခိုက်သင်တန်း၊ ဘာသာစကားသင်တန်း စသည့်တို့ကိုလည်း U.K မှာကတည်းက သင်ထားပြီးဖြစ်ကြောင်းပြောပြတယ်။ အဲ့ဒါကြောင့် မောင် မလုပ်တတ်တာဘာမှမရှိဘူးဖြစ်နေတာကိုး။ သိပ်ကိုတော်တဲ့ မောင် ပါလား။ မောင့် ဖေဖေကလည်း U.K မှာစီးပွားရေးလုပ်နေတယ်လို့ဘဲပြောတယ်။ ထားလိုက်ပါ။ မောင့် အကြောင်းကို အရင်ကထက်ပိုသိသွားတာပေါ့။
ထို့နောက် 10:30 လောက်မှာ Sunny နဲ့ Rosy တို့လည်းပြန်သွားကြပြီး သျှားနဲ့ မေ လည်း Tulip Group ရုံးချုပ်သို့ပြန်လာခဲ့ကြလေသည်။ သျှားက အိမ်သာသွားချင်တယ်ဟုဆိုသောကြောင့် ရုံးခန်းထဲသို့ မေ တစ်ယောက်ဘဲဝင်လာသည်။ ထိုအချိန်တွင် ကဗျာငယ်တစ်ယောက်လည်း ဖိတ်စာလေးကိုကိုင်ပြီး ရုံးခန်းထဲသို့ဝင်လာလေသည်။
"မမ ဒီမှာ ဆောက်လုပ်ရေးကုမ္ပဏီ CEO ဦးထင်လင်းက သူတို့ ကုမ္ပဏီရဲ့ (15) နှစ်ပြည့် ညစာစားပွဲ party ကိုဖိတ်လာပါတယ်"
"အေး စားပွဲပေါ်ဘဲတင်ထားခဲ့လိုက်"
ကဗျာတစ်ယောက် ဖိတ်စာကို စားပွဲပေါ်သို့တင်ပေးပြီး မေ့ ကိုအရိုအသေပေးကာ ထွက်သွားလေသည်။ ထိုစဥ် မေ့ ရဲ့ဖုန်းက မြည်လာလေသည်။ မေ ဖုန်းကိုကြည့်လိုက်တော့ ဦးထင်လင်းဖြစ်နေသည်။ မေ လည်း စိတ်မပါစွာနဲ့ ဖုန်းကိုကိုင်လိုက်၏။
"ပျိုလေး ဒီနေ့ည ကိုယ်တို့ကုမ္ပဏီရဲ့ 15 နှစ်ပြည့် party ဖိတ်စာရောက်တယ်မလား။ ဒါပေမဲ့ ကိုယ်တိုင် ပျိုလေးကို ဖုန်းဆက်ပြီး ထပ်ဖိတ်လိုက်ပါတယ်နော်။ ဆက်ဆက်လာခဲ့ပေးနော်။ ကိုယ်စောင့်နေမယ်"
တစ်ဘက်မှ ထိုကဲ့သို့ပြောပြီးဖုန်းချသွားလေသည်။ မေ က ဘာမှတောင်ပြန်မပြောလိုက်ရ။ အံံသြပါ့။ သူဖိတ်တိုင်းလာရအောင် ငါက အရူးလား။ ဒါပေမဲ့ မသွားလို့ကလည်းမကောင်းပါ။ party ကို ရှယ်ယာဝင်တွေအကုန်လုံး လာကြမှာလေ။ Tulip Group ရဲ့ရှယ်ယာဝင်အများဆုံးဖြစ်တဲ့ ဒေါ်မေဘရဏီပျိုကမလာရင် ဘာပြောကြလိမ့်မလည်း။ လူမှုရေးအရလည်းရှိသေးတယ်။
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
RomanceMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...
