အခန်း(၂၁)🌷💖

5.9K 230 3
                                    

သျှား တို့နှစ်ယောက်ပြောနေတဲ့စကားကို ဘေးနားက ဒေါ်ဝင်းနုရွှေကကြားပြီးမျက်လုံးပြူးသွားလေသည်။

"ဟင် ပျိုက ပျို့ညီမလေးကိုဘယ်လိုခေါ်လိုက်တယ်။ မောင် လို့ခေါ်လိုက်တာမလား။ ဘယ်လို...ဘယ်လို"

ဒေါ်ဝင်းနုရွှေရဲ့စကားကို မေ ကလည်းတည်ငြိမ်အေးဆေးစွာတုံ့ပြန်လိုက်သည်။

"ဟုတ်တယ်လေ အမရွှေရဲ့။ ညီမလေးနာမည်က သျှားခတ်မောင်လေ အဲ့ဒါကြောင့် သူ့နာမည် မောင်လို့ခေါ်လိုက်တာလေ။ ဘာထူးဆန်းနေလို့လည်း"

ထိုအခါကျမှထိုမိန်းမကြီးက သဘောပေါက်သွားလေသည်။

"အော်။ အဲ့ဒါကြောင့်ကိုး။ မသိပါဘူး။ ပျို့ညီမနာမည်က တစ်မျိုးလေးနော်။ နာမည်ကလည်း လှတယ်။ လူကလည်းလှတယ်နော်"

သျှားက ထိုမိန်းမကြီးစကားကိုမတုံ့ပြန်ဘဲ မေ့ လက်ထဲက ယူထားတဲ့ ရှန်ပိန်ကိုသောက်ရန်ဟန်ပြင်လိုက်လေသည်။ ဖန်ခွက်ကိုပါးစပ်နဲ့တေ့ကာသောက်မလို့ဟန်ပြင်နေတုန်းရှိသေး သျှား နှာခေါင်းထဲသို့ ရင်းနှီးနေတဲ့အနံကိုရလာလေသည်။ ဟင်။ ဘာအနံ့ပါလိမ့်။ ရှန်ပိန်အနံ့လည်းမဟုတ်ပါဘူး။ ဒါက။ ငါ သိပါတယ်။ ဒီအနံကို။
သျှား ရှန်ပိန်ခွက်ကို ထပ်ပြီးအနံခံကြည့်လိုက်သည်။ အနံကိုသေသေချာချာရသောအခါ သျှားရဲ့ မျက်လုံးအစုံပြူးကျယ်သွားလေသည်။ ဒါ...ဒါက။

တောက်။ သျှား တော်တာ်ဒေါသထွက်သွားလေသည်။ သို့​သော် သျှားမျက်နှာက ဒေါသထွက်ဟန်မပြပေ။ အေးစက်စက်တစ်ချက်သာပြုံးလိုက်ကာ ရှန်ပိန်ကိုမြေပြင်ပေါ်သို့ အေးစက်စက်အပြုံးနဲ့သွန်ချလိုက်လေသည်။ မေ နဲ့ ဒေါ်ဝင်းနုရွှေမှာလည်း သျှား ရဲ့ထိုအပြုံးကိုမြင်တော့ ကြက်သီးတွေတောင်အလိုလိုနေရင်းထသွားလေသည်။

သျှား တစ်ယောက် အေးစက်စက်ပြုံးပြီး ဦးထင်လင်းရဲ့ တိုက်ဆီသို့တစ်ချက်လှမ်းကြည့်လိုက်လေသည်။ ပြီး အေးစက်စက်မာကျောတဲ့အသံဖြင့် မေ့ ကိုမေးလေသည်။

"မေ ဒီရှန်ပိန်ကိုပေးသွားတဲ့ ဝန်ထမ်းရဲ့ မျက်နှာကို  မှတ်မိလား"

သျှား ရဲ့အမေးကြောင့် မေ လည်းလန့်ဖျက်ကာကြောင်သွားလေသည်။

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now