မေ့ ရဲ့ငြင်းဆိုလိုက်တဲ့စကားကြောင့် ဦးလင်းရောင်ရော ရှိုင်းထက်ရောနှစ်ယောက်သားမျက်စိမျက်နှာပျက်သွားကြလေသည်။ သို့သော် ဦးလင်းရောင်က ဟန်မပျက်မျက်နှာကိုပြန်ထိန်းလိုက်ကာ မေ့ ကိုခပ်ပြုံးပြုံးကြည့်ပြီးစကားဆိုလိုက်၏။
"ဒေါ်မေဘရဏီပျိုစဥ်းစားပါနော်။ နောက်ပြီး ဒေါ်မေဘရဏီပျိုမှာချစ်သူရှိတယ်ဆိုတာတကယ်ရောဟုတ်လို့လားဗျ။ ဒေါ်မေဘရဏီပျိုဆီမှာ ချစ်သူရှိတယ်လို့တစ်ခါမှမကြားမိပါဘူး။ အခုဟာက ကျွန်တော့်သားကိုတမင်သက်သက်ငြင်းချင်လို့များချစ်သူရှိတယ်လို့ လိမ်ပြောလိုက်တာလား"
ဦးလင်းရောင်ကထိုသို့ဆိုလိုက်တော့ မေ လည်း ဦးလင်းရောင်ကို မျက်နှာထားတင်းတင်းနဲ့ပြန်ကြည့်ပေးလိုက်၏။
"အော် ရှင်။ ကျွန်မက ဘာကိစ္စနဲ့ညာပြောရမှာလည်း။ ကျွန်မမှာ တကယ်ချစ်သူရှိတယ်။ ကျွန်မချစ်သူကလွှဲပြီး ကျွန်မဘယ်သူ့ကိုမှစိတ်မဝင်စားနိုင်ဘူး၊ လက်လည်းမထပ်နိုင်ဘူး။ အဲဒီတော့ ဝန်ကြီးတို့သားအဖပြန်လိုက်ရင်ကောင်းမယ်နဲ့တူတယ်"
မေ့ ရဲ့ပြတ်ပြတ်သားသားငြင်းဆိုလိုက်မှုကြောင့် ဦးလင်းရောင်လည်း ဒေါသထွက်ကာမျက်နှာကြီးမှာနီရဲသွားလေသည်။ ရှိုင်းထက်ကလည်း မျက်နှာပျက်သွားလေ၏။ ဦးလင်းရောင်က ထိုင်ရာမှထလိုက်ကာ မေ့ ကိုတစ်ချက်ကြည့်ပြီး စကားဆိုလိုက်၏။
"ဒေါ်မေဘရဏီပျို ခင်ဗျားနောင်တမရပါစေနဲ့။ လာ ငါ့သားပြန်မယ်"
"ခင်ဗျာ။ ဟို..ဟို"
"ခင်ဗျာ လုပ်မနေနဲ့။ ပြန်မယ် လာ"
ဦးလင်းရောင်က ပြောပြောဆိုဆိုနဲ့ အရှေ့မှထွက်ချသွားလေသည်။ ရှိုင်းထက်ကလည်း အနောက်ကနေ ယောင်တောင်ပေါင်တောင်နဲ့လိုက်သွားလေ၏။
ဦးလင်းရောင်တို့သားအဖရုံးခန်းထဲမှ မျက်စိမျက်နှာပျက်ကာထွက်သွားသည်ကို ကော်ဖီဗန်းလေးကိုင်လာတဲ့ ကဗျာက မြင်သွားကာ မေ့ အတွက်စိတ်ပူပြီး ရုံးခန်းထဲသို့ အမြန်ဝင်ကာသွားလေ၏။ ပြီး ဆတီခုံပေါ်တွင် အံကြိတ်ကာထိုင်နေတဲ့ မေ့ ကိုတွေ့တော့ ကော်ဖီဗန်းကိုစားပွဲပေါ်တွင်ချပြီး မေ့ ဆီသို့သွားလိုက်၏။

YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
RomanceMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...