အခန်းထဲကိုရောက်တော့ Rosy ကသျှားကို အရိုအသေပေးပြီး ရေချိုးခန်းထဲသို့ မျက်နှာရိပ်ပြလိုက်လေ၏။ တဏှာရူးကြီးက အခုထက်ထိရေချိုးလို့မပြီးသေး။ ချိုးပါ့စေ။ မသေခင်အဝချိုးထားပေ့ါ။ သျှားလည်း ဆတီခုံပေါ်တွက်စမတ်ကျစွာခြေချိတ်ထိုင်ကာ စီးကရတ်တစ်လိပ်ကိုမီးညှိကာဖွာလိုက်ပြီး လူယုတ်မာရေချိုးအပြီးကိုစောင့်နေလေ၏။
ဟော။ ထွက်လာပါပြီ။ အယုတ်တမာက တဘက်ကိုအောက်ပိုင်းဘဲလုံအောင်ဖုံးပြီး စပ်ဖြဲဖြဲအမူအရာနဲ့ထွက်လာပါပြီ။ ပြီး သျှားတို့ကိုမြင်တော့ အံ့သြသွားကာ မျက်လုံးပြူးလျက် ပါးစပ်ကအထစ်ထစ်အငေါ့ငေါ့နဲ့စကားဆိုလိုက်လေသည်။
"ဟင်..မင်း...မင်းတို့က ဘယ်..ဘယ်သူတွေလည်း"
သျှားက ဒေါက်တာနိုင်လင်းရဲ့အမေးကိုမဖြေသေးဘဲ အနောက်က ဂိုဏ်းသားများကိုမျက်နှာရိပ်ပြလိုက်လေသည်။ ဂိုဏ်းသားများက ဒေါက်တာနိုင်လင်းရဲ့လက်ကိုလိမ်ချိုးပြီး ဒက်ခေါက်ကွေးကိုကန်လိုက်ရာ ဒေါက်တာနိုင်လင်းမှာသျှားရှေ့တွင်ဒူးထောက်ထိုင်ချသလိုဖြစ်သွားသည်။ ထိုအခါ သျှား က ဒေါက်တာနိုင်လင်းကိုစကားဆိုလိုက်၏။
"ဘယ်သူတွေလည်းဆိုတော့ ရှင့်ကိုငရဲပို့မယ့်လူတွေလေ။ ဒေါက်တာနိုင်လင်း ရှင့်ရဲ့အပြစ်ကြွေးတွေကအများကြီးဆိုတော့ လူပြည်မှာအသက်ရှင်ခွင့်ပေးလို့မရတော့ဘူး။ ဒီနေ့က ရှင် ငရဲပြည်ကိုသွားရမယ့်နေ့ဘဲလေ"
သျှား စကားကြောင့် ဒေါက်တာနိုင်လင်းမှာ ကြောက်လန့်တကြားဖြင့် စကားဆိုလိုက်၏။
"ခင်..ခင်ဗျာ။ မလုပ်...မလုပ်ပါနဲ့ဗျ။ ခင်ဗျားတို့ ပိုက်ဆံလိုချင်ရင်လည်းပေးပါ့မယ်။ ဘယ်..ဘယ်လောက်လိုချင်လည်း။ ကျွန်တော့်ကိုလွှတ်...လွှတ်ပေးပါဗျာ။ တောင်း...တောင်းပန်ပါတယ်"
ဒေါက်တာနိုင်းလင်းစကားကိုသျှားက တဟားဟားနဲ့ရီလိုက်လေသည်။
"ဟားးလွှတ်ပေးရမယ်ဟုတ်လား။ ဒါဆို အပြစ်မဲ့တဲ့လူတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေကိုရက်ရက်စက်စက်ထုတ်ယူတုန်းက ရှင်လွှတ်ပေးဖို့ဆန္ဒမရှိခဲ့ဘူးမလား။ အဲဒီတော့ တန်ရာတန်ကြေးပေါ့နော့်။ မဟုတ်ဘူးလား"
![](https://img.wattpad.com/cover/354209714-288-k368407.jpg)
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
RomanceMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...