အခန်း (၄၃)

3.2K 166 1
                                    

ညအချိန်မို့လို့ထင်၏။ကောင်းကင်ပေါ်တွင် တိမ်များကင်းစင်ပြီး စန္ဒာလမင်းတစ်စင်းတည်းသာထွန်းလင်းလို့နေသည်။ စန္ဒာလမင်းရဲ့အခြွေအရံများဖြစ်သော ကြယ်ပွင့်လေးများမှာလည်း မှိတ်တုတ်မှိတ်တုတ်နှင့် ၎င်း၏ဘေးနားတွင် အပြိုင်အဆိုင်တောက်ပလို့နေလေသည်။ ဘယ်အရပ်ဘယ်ဆီကလွင့်ပျံ့လာမှန်းမသိသော ညမွှေးပန်းရနံ့ကိုလည်းရမိပါ၏။ ထို့အပြင် တိုးတိတ်ညင်သာစွာ တိုက်ခတ်လာ​သောလေပြေလေညှင်း​လေးကိုလည်း ခံစားရမိပြန်သည်။

အခန်းရှေ့ဝန်ရံတာတွင်ရပ်ကာ ကောင်းကင်ပေါ်တွင်ထွန်းလင်းတောက်ပနေသော လမင်းလေးကိုကြည့်ပြီး သျှား တစ်ယောက် ညရဲ့အလှကိုခံစားနေမိသည်။ ဒီလိုအချိန်က အပူအပင်မရှိတဲ့ လူများအတွက်ကတော့ သဘာဝတရားကြီးရဲ့လှပမှုကိုခံစားရမိသကဲ့သို့ ဒုစရိုက်သမား၊လူယုတ်မာသမားများအတွက်ကတော့ အချိန်အခါကောင်းပင်မဟုတ်ပါလား။ လုပ်စရာရှိတာကိုမြန်မြန်လုပ်မှဘဲရတော့မယ်။ လူယုတ်မာတွေက အခုတော့ခြေငြိမ်နေသေးသည်။ နောက်ထပ်ဘာတွေထပ်ပြီးကြံစည်အုံးမလည်းမသိ။ အထူးသဖြင့် ရာဇာစိုးဆိုတဲ့အကောင်။ ဒင်းကမြန်မာနိုင်ငံကိုပြန်လာတာသေချာပေါက်အ​ကြောင်းရှိရမယ်။ ဒင်းရဲ့အကြံအစည်ကိုသိမှရမယ်။

သျှားတစ်ယောက် တစ်ယောက်ထဲအတွေးနယ်ချဲ့နေသည်မှာဘယ်လောက်ကြာသွားသလဲမသိပါ။ အနောက်က ချစ်သူလေးက သျှားရဲ့ခါးလေးကိုဖတ်လိုက်မှ သျှားရဲ့အတွေးတို့ကပြတ်တောက်သွားခဲ့သည်။ သျှားလည်း ဖတ်ထားတဲ့ချစ်သူလေးရဲ့ လက်သွယ်သွယ်လေးကိုဆုပ်ကိုင်လိုက်ကာ ခန္ဓာကိုယ်ကိုနောက်သို့လှည့်လိုက်လေသည်။ ပြီး ချစ်သူလေးကိုရင်ခွင်ထဲ၌ နူးညံ့စွာပွေ့ဖတ်ထားလိုက်လေသည်။ မေ ကလည်းသျှားရဲ့ရင်ခွင်ထဲကို အတင်းတိုးဝင်ပြီး သျှားကိုပြန်လည်ဖတ်ထားလိုက်လေသည်။

"ကလေးလေးအိပ်ချင်နေပြီလားဟင်"

သျှားက မေ့ ရဲ့နဖူးပြင်လေးကိုနူးညံ့စွာနမ်းရှိုက်လိုက်ကာမေးလိုက်လေသည်။

"အိပ်ချင်နေပြီလေမောင်ရဲ့။ မောင်အခန်းထဲမဝင်သေးလို့ မေ လိုက်လာခဲ့တာ။ မနက်ဖြန်မနက် meeting ရှိလို့ မေ စောစောအိပ်ချင်လို့လေ။မေ့ ဘေးနားမှာ မောင်မရှိရင် မအိပ်တတ်ဘူးဆိုတာ မောင်လည်း သိရဲ့သားနဲ့"

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now