ခမ်းနားလှပသော တိုက်အိမ်ကြီးတစ်အိမ်ရှိ ခြံတံခါးဝရှေ့၌ ရေပိုက်ပြင် ကုမ္ပဏီကားတစ်စီးဆိုက်လာလေသည်။ ထိုကားပေါ်မှ ဝန်ထမ်းသုံးယောက်ဆင်းလာပြီး ခြံတံခါးရှေ့သို့ရောက်လာသောအခါ ခြံထဲရှိ လုံခြုံရေးသမားတစ်ယောက်က စစ်ဆေးမေးမြန်းလေသည်။
"ရပ်စမ်း။ မင်းတို့က ဘယ်သူတွေလည်း။ ဒီကိုဘာလာလုပ်တာလည်း"
"အော်ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော်တို့ Power ရေပိုက်ပြင် ကုမ္ပဏီကို ရေပိုက်ပြင်ဖို့ရှိတယ်လို့ ဖုန်းဆက်အကြောင်းကြားထားလို့ပါ ခင်ဗျ"
ထိုသူ၏ စကားကြောင့် လုံခြုံရေးသမားလည်းကြောင်သွားလေ၏။
"ဟုတ်လို့လား။ မင်းတို့ကုမ္ပဏီကို ရေပိုက်ပြင်ပေးဖို့ပြောတယ်ဆိုတာမဖြစ်နိုင်ဘူးကွ။ လိပ်စာများမှားနေတာလား။ သေချာပြန်ကြည့်ပါအုံး"
ထိုအခါ ဝန်ထမ်းက သူ့ရဲ့ လိပ်စာကိုပြန်စစ်ကြည့်လိုက်လေသည်။
"မမှားပါဘူးခင်ဗျ။ ဒီအိမ်ပါဘဲ။ ဘေစင်ကပိုက်နဲ့ ရေချိုးခန်းကပိုက်က ရေမလာဘူးဆိုပြီး လှမ်းဖုန်းဆက်တာပါခင်ဗျ"
ထိုအခါကျမှ လုံခြုံရေးက ဇဝေဇဝါဖြင့် ခြံတံခါးဖွင့်ပေးလိုက်သည်။
"ကဲ။ ပြင်မယ့် ပစ္စည်းကိရိယာတွေဘဲယူလာခဲ့။ ကားကိုခြံပြင်မှာဘဲထားခဲ့။ နောက်ပြီး ရေပိုက် ပြင်မယ်သူတွေဘဲဝင်လာခဲ့"
"ဟုတ်ကဲ့ပါခင်ဗျ။ ကျေးဇူးတင်ပါတယ်ခင်ဗျ"
ထိုဝန်ထမ်းသုံးယောက်မှာ ရေပိုက်ပြင်မယ့် ပစ္စည်းကိရိယာကိုယ်စီနဲ့ ၎င်းလုံခြုံရေးခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားလေသည်။ ၎င်း လုံခြုံရေးအပြင်နောက်ထပ်လုံခြုံရေးတစ်ယောက်လည်း ရေပိုက်ပြင်ဝန်ထမ်းများကို စောင့်ကြည့်နေလေသည်။ လုံခြုံရေးသမားများက အိမ်ကြီး၏ မီးဖိုခန်းဘေစင်ရှိရာသို့ ရေပိုက်ပြင်ဝန်ထမ်းများကို ခေါ်သွားလေသည်။
"ကဲ ဒီဘေစင်ကိုတစ်ချက်ကြည့်ပေးပါအုံး။ မင်းတို့ထဲက တစ်ယောက် ကဒီမှာပြင်ဖို့နေပေး။ ဟေ့ကောင် နောက်နှစ်ယောက်ကို ရေချိုးခန်းမှာ ရေပိုက်ပြင်ဖို့ခေါ်သွားစမ်း"
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
Любовные романыMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...