အခန်း (၃၀)

3.6K 188 3
                                    

ထို့နောက် နန်း က လက်ကနာရီကိုတစ်ချက်ကြည့်လိုက်လေသည်။ စျေးဝယ်စရာတွေရှိသေးတာဘဲ။ သွားစရာတွေလည်းရှိသေးတယ်လေ။ ထို့ကြောင့် မေ့ ကိုနှုတ်ဆက်ရန်ပြင်လိုက်လေသည်။

"ဒါဆို ညီမလေး အမ စျေးဝယ်စရာတွေရှိသေးလို့ သွားလိုက်အုံးမယ်နော်။ နောက်မှ ငါ့ညီမလေးနဲ့ အေးဆေးတွေ့ကြတာပေါ့"

နန်း စကားကြောင့် မေ လည်း နန်းကိုပြုံးပြကာစကားဆိုလိုက်လေသည်။

"အမ စျေးဝယ်စရာတွေရှိတယ်ဆိုရင် ညီမရှယ်ယာဝင်ထားတဲ့ Shopping Mall ကိုခေါ်သွား ပေးမယ်လေ။ ညီမလည်း အမနဲ့လိုက်ခဲ့မယ်။ အမတစ်ယောက်ထဲမလား။ မောင် က သူ့အဒေါ်အချောအလှက ဒီလိုမျိုးတစ်ယောက်ထဲ စျေးဝယ်ထွက်တယ်ဆိုရင်စိတ်မချလောက်ဘူး။ ညီမရောလိုက်ခဲ့ပေးမယ်လေ"

မေ့ စကားကြောင့် နန်းလည်း သွားတန်းလေးများပေါ်အောင် နူးညံ့သိမ်မွေ့စွာရီလိုက်လေသည်။ တူမလေး ချစ်သူကလည်းနော်။ တူမလေးအတိုင်းပါဘဲလား။ အသွင်တူအိမ်တူဖြစ်ဆိုတာဒါမျိုးကိုပြောတာနေမှာ။

"အဲ့ဒါဆိုလည်း ညီမသဘောပါဘဲ။ ညီမလေးပါတော့ အမက ပိုပြီးတောင်သဘောကျသေးတယ်။ ကဲ ဒါဆို သွားမယ်လေ။ အမ ကားပါတယ်။ နောက်မှ ညီမလေးကို အမပြန်လိုက်ပို့ပေးမယ်။ ဒါမှမဟုတ်လည်း သျှားကို လာကြိုခိုင်းပေါ့။ မဟုတ်ဘူးလား"

နန်း စကားကြောင့် မေ လည်း တခွီခွီနဲ့ရီလိုက်လေသည်။ ကဗျာကတော့ သျှားအတွက် မြင်ယောင်နေသေးတယ်။ ချစ်သူအချောအလှနဲ့ အဒေါ်အချောအလှကြား ဗျာများနေမှာကို။ တကယ်လည်း မာဖီးယားမမ ဗျာများမှာပါ။

ထို့နောက် နန်း နဲ့ မေလည်း စျေးဝယ်ထွက်ရန် ရုံးအပြင်ဘက်သို့ထွက်လာခဲ့လေသည်။ ရုံးရှိဝန်ထမ်းများကတော့ မေနဲ့ နန်းတို့နှစ်ယောက် ရီရီမောမောနဲ့ ထွက်သွားတာကို အံ့သြတကြီးနဲ့ကြည့်နေကြလေသည်။

ကားဆီသို့ရောက်သောအခါ နန်းကိုယ်တိုင်ကားမောင်း၏။ မေ ကတော့ နန်းဘေးကနေထိုင်လိုက်လာတယ်လေ။ အော်..မေ့နေတာ။ မောင့်ဆီကိုဖုန်းဆက်ရမှာကို။ မောင် က မေ ဘယ်သွားတယ်ဆိုတာကို သူ့ဆီကိုဖုန်းဆက်ဖို့ပြောထားတယ်မဟုတ်ပါလား။ မေ လည်း မောင့်ဆီသို့ဖုန်းဆက်လိုက်​လေသည်။

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now