အချိန်ကား ည ဆယ့်တစ်နာရီကျော်လောက်တော့ရှိပြီဖြစ်သည်။ သဝဏ်တစ်ယောက်မှာလည်း စုံစမ်းစစ်ဆေးလာခဲ့သမျှ အချက်အလက်များထဲမှ ဖြစ်နိုင်ချေရှိတဲ့စစ်ဆေးချက်များကို ကောက်နုတ်နေသဖြင့် ယခုအချိန်အထိမအိပ်နိုင်သေးပါ။ သူမ၏ စားပွဲပေါ်တွင်လည်း စာရွက်စာတမ်းများနှင့်ဓာတ်ပုံများမှာပြည့်နှပ်လျက်ရှိသည်။ ထိုစဥ် ဘေးနားတွင်ရှိသော ဖုန်းကမြည်လာလေသည်။ ဖုန်းခေါ်တဲ့သူကိုကြည့်လိုက်တော့ ဒုရဲအုပ်ကောင်းခန့်ဖြစ်နေသည်။ သဝဏ်လည်းဖုန်းကိုကိုင်လိုက်၏။
"ဟဲလို ကိုကောင်းခန့်ပြောပါ"
"ဟုတ်ကဲ့ပါ အမ အခုချက်ချင်း ဘိုတစ်ထောင်ဆိပ်ကမ်းကိုလာခဲ့ပေးပါခင်ဗျ။ ဒီမှာ လူကုန်ကူးသမားတွေအကုန်လုံးသေကုန်ပြီး လူကုန်ကူးမယ့်လူတွေကိုတော့ အသက်ရှင်လျက်တွေ့ထားပါတယ်ခင်ဗျ။ ဘယ်လိုကနေဘယ်လိုဖြစ်တယ်ဆိုတာကိုတော့ အခုထိမသိရသေးပါဘူး။ အမအမြန်လာခဲ့ပေးပါနော်"
တစ်ဘက်မှထိုသို့ပြောပြီးဖုန်းကိုချလိုက်၏။ ကောင်းခန့်စကားကြောင့် သဝဏ်လည်းကြောင်သွားလေသည်။ ဘယ်လို ဘယ်လို။ လူကုန်ကူးတဲ့ဒုစရိုက်သမားတွေအကုန်သေကုန်ပြီ။ ဘယ်လိုတွေတောင်ဖြစ်ကုန်တာပါလိမ့်။ ရဲတပ်ဖွဲ့နဲ့ထိတွေ့မှုဖြစ်လို့လား။ သဝဏ်စဥ်းစားမရတော့။ ထို့ကြောင့် ချက်ချင်းပင် ကုဒ်အင်္ကျီကိုထပ်ဝတ်လိုက်ကာ ကားသော့ယူပြီးအောက်ထပ်ကိုဆင်းခဲ့လိုက်သည်။
ဘိုတစ်ထောင်ဆိပ်ကမ်းတစ်နေရာရှိ စက်လှေများဆိုက်ကပ်ရာ လူသူမရှိသောနေရာတစ်နေရာတွင်ဖြစ်သည်။ မှုခင်းသတင်းထောက်များ၊မှုခင်းဆရာဝန်များမှာလည်း ယင်းနေရာသို့ရောက်နေကြပြီဖြစ်သည်။ အခင်းဖြစ်တဲ့နေရာကို အဝါရောင်ကြိုးဖြင့်တားထား၏။ သဝဏ်လည်း အခင်းဖြစ်နေရာသို့ရောက်သောအခါ လူအယောက်နှစ်ဆယ့်ခန့် ဒဏ်ရာများဖြင့်သေဆုံးနေတာကိုတွေ့ရသည်။ ကောင်းခန့်လည်း သဝဏ်ကိုတွေ့သောအခါ သဝဏ့်အနားသို့ရောက်လာသည်။
"အမ ဒီကောင်တွေက အယောက်နှစ်ဆယ့်ခန့်တော့ရှိတယ်ဗျ။ အကုန်လုံးသေနတ်ဒဏ်ရာတွေနဲ့ဘဲ သေဆုံးသွားကြတာ။ ဟိုဘက်ကစက်လှေပေါ်မှာ လူကုန်ကူးမယ့်လူတွေကို တစ်ဘက်ကိုပို့မလို့စီစဥ်နေတာဗျ"
![](https://img.wattpad.com/cover/354209714-288-k368407.jpg)
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
RomanceMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...