ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံမှုခင်းတပ်ဖွဲ့ဌာနချုပ်(CID) ရုံးရှိ ရဲမှူးချုပ်အောင်လွင်မှာ သူ၏ ရုံးခန်းထဲတွင် အခုတစ်လောလူပျောက်မှုများ များပြားလာသဖြင့် လူပျောက်တိုင်စာများကို စစ်ဆေးလျက်ရှိသည်။ ရုံးခန်းအပြင်ဘက်ရှိ ဒုရဲအုပ်ကောင်းခန့် မှာလည်း ခါးပိုက်နှိုက်တရားခံကိုစစ်မေးလျက်ရှိသည်။
"ကဲ ဆိုစမ်းပါအုံး။ မင်းက လက်တွေခြေတွေအကောင်းအတိုင်းရှိနေတာကို ဘာလို့ ခါးပိုက်နှိုက်စားရတာလည်း။ နောက်ပြီး ခါးပိုက်နှိုက်တာအကြောင်းမဟုတ်ဘူး အဲ့ဒီပိုက်ဆံအိတ်ပိုင်ရှင်မိန်းကလေးရဲ့ ဖင်ကိုလည်း ကိုင်လိုက်သေးတယ်ဆို။ တော်တော်လေးကို လက်ကမြင်းတဲ့ကောင်ဘဲ။ အဲ့ဒီတော့ မင်းအမှုကနှစ်မှုဖြစ်သွားပြီ။ အနည်းဆုံးထောင်တော့ချရလိမ့်မယ်"
ထိုခါးပတ်နှိုက်မှာ သူ့အပြစ်ကိုမဝန်ခံသည့်အလား ဒုရဲအုပ်ကောင်းခန့်ကို မထီလေးစားမခန့်လေးစားအမူအရာဖြင့်ကြည့်နေလေသည်။
"ဒီမှာ ရဲကြီး ခင်ဗျားက ဘာသိလို့လည်းဗျ။ ဒီကောင်မက ကျုပ်ကိုင်တာကို အော်တောင်မအော်ဘူးလေ။ ကောင်းလွန်းလို့ငြိမ်ခံနေတာကျုပ်သိတာပေါ့။ အဲ့ဒီတော့ ကျုပ်အမှုက ခါးပိုက်နှိုက်အမှု တစ်မှုဘဲ။ ခင်ဗျားက သေချာမစစ်ဆေးဘဲနဲ့ ရဲလုပ်ချင်နေသေးတယ်ဟုတ်လား"
တရားခံစကားကြောင့် ဒုရဲအုပ်ကောင်းခန့်လည်း ဒေါသတရှုးရှုးထွက်သွားလေသည်။
"ဘာကွ။ မင်း ဘာပြောတယ်။ ကောင်မလေးက အလကားအော်မလား။ သူ့အတွက် အရှက်သိက္ခာဆိုတာရှိသေးတယ်လေ။ မင်းရဲ့ ဓားကိုကြောက်လို့ ဘာမှမလုပ်နိုင်တာဘဲရှိတာ။ သိရဲ့လား။ မဖြစ်ဘူး။ မင်းကို ထောင်တော့ချမှရမယ်"
ထိုစဥ်ရုတ်တရတ် ထိုငမိုက်သားမှာ ထကာထွက်ပြေးသွားလေသည်။ ဒုရဲအုပ်ကောင်းခန့်လည်းကြောင်သွားပြီး ဘေးနားတွင်ရှိနေသော ရဲဝန်ထမ်းနှစ်ယောက်မှာလည်း ကြောင်ကာသွားလေ၏။ သို့သော် ထိုသူ တံခါးပေါက်ဝနားကိုရောက်တော့ တစ်စုံတစ်ယောက်ရဲ့ ကန်ချက်ကြောင့် အခန်းထဲသို့လွှင့်လာကာ လဲကျသွားလေသည်။
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
RomansaMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...