အခန်း (၂၈)

3.5K 186 3
                                    

မနက်ခင်းရောင်နီလာတာနဲ့အတူ နန်း တစ်ယောက်နိုးထလာခဲ့လေသည်။ ဒီနေ့ လိုအပ်တာတွေသွားဝယ်မယ်လို့လည်းစိတ်ကူးထားတယ်လေ။ ထို့ကြောင့် မျက်နှာသစ်ရေမိုးချိုးပြီး အောက်ထပ်ကိုဆင်းလာခဲ့သည်။

"သမီးနန်း နိုးလာပြီလား။ လာ ကြီးစိန် အုန်းနို့ခေါက်ဆွဲလုပ်ထားတယ်။ Sunny တို့နှစ်ယောက်ကတော့ အုန်းနို့ခေါက်ဆွဲဆိုတာနဲ့ တွယ်နေကြပြီလေ"

"ဟုတ်လား ကြီးစိန်။ အုန်းနို့ခေါက်ဆွဲတောင် မစားရတာကြာပြီ။ စားလိုက်အုံးမယ်"

နန်း လည်းကြီးမေကို ထိုသို့ပြောလိုက်ကာထမင်းစားခန်းထဲသို့ ဝင်ခဲ့လိုက်လေသည်။ ထမင်းစားခန်းထဲတွင် ငတိမနှစ်ယောက်က အုန်းနို့ခေါက်ဆွဲကို ခေါင်းမဖော်တန်းစားနေကြသည်။ နန်းရောက်လာတာကို​တောင်မသိ။ ပြီးမှ Rosy က မြင်ပြီး Sunny ကိုတံတောင်နဲ့တွက်လိုက်လေသည်။

"ဟီးး ဒေါ်လေးရောက်လာတာမသိလိုက်ဘူး။ အုန်းနို့ခေါက်ဆွဲစားနေတာနဲ့"

Rosy က နန်းကို စပ်ဖြီးဖြီးအမူအရာနဲ့ပြောလိုက်လေသည်။ နန်းလည်း ဘာမှမပြောတော့ဘဲ ကြီးမေ ပြင်ပေးသောအုန်းနို့ခေါက်ဆွဲကိုစားလိုက်လေသည်။ စားကောင်းသားဘဲ။ ပြီးမှ နန်းငတိမနှစ်ယောက်ကို စကားစလိုက်လေသည်။

"ဒီနေ့ ဒေါ်လေးအပြင်ထွက်ပြီး စျေးဝယ်ဖို့ရှိတယ်။ Sunny တို့နှစ်ယောက်က ဒေါ်လေး ရန်ကုန်မှာ စားသောက်ဆိုင်ဖွင့်ဖို့အတွက် ဗဟန်းမှာဖြစ်ဖြစ် ဆူးလေမှာဖြစ်ဖြစ် မြေကွက်တစ်ကွက်လောက်ရှာထားပေး။ အဲ့ဒါလေး ကူညီပေးအုံးနော်"

နန်း စကားကို Sunny တို့လည်းခေါင်းငြိမ့်လိုက်ကြလေသည်။

"ဟုတ်ကဲ့ပါ ဒေါ်လေး။ Sunny တို့လုပ်ပေးပါ့မယ်။ ဒါနဲ့ ဒေါ်လေးစျေးဝယ်ထွက်မှာဆို ဒေဝတို့အဖွဲ့ကို Bodyguard ထည့်ပေးလိုက်ပါ့မယ်။ ဒေါ်လေးတစ်ယောက်တည်းဆိုတော့ စိတ်မချလို့"

Sunny စကားကို နန်းလည်းလက်ကာပြလိုက်လေသည်။

"မလိုဘူးလေ။ ငါတစ်ယောက်တည်းလည်းဘာဖြစ်လည်း။ ငါလည်းကားကိုကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်ပါတယ်။ နောက်ပြီး ရန်ကုန်ကလမ်းတွေလည်း မှတ်မိပါတယ်။ ရတယ်။ တစ်ယောက်တည်းသွားမယ်။ ဒေါ်လေးပြောတာကိုဘဲ ဆောင်ရွက်ပေး။ ဟုတ်ပြီလား"

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now