သဝဏ်တစ်ယောက်မှာလည်း သျှားထံသို့ဖုန်းဆက်ပြီးသကာလ အခန်းထဲသို့မဝင်သေးဘဲ အခန်းရှေ့ဝန်ရံတာတွင် တစ်ယောက်တည်းအတွေးနယ်ချဲ့နေသည်။ မနက်ဖြန် မနက် 9:00 Forest Night Bar မှာ သျှားက လာခဲ့ဖို့ခေါ်တယ်။ သူ့ အဖွဲ့ဝင်တွေရော လာမှဆိုတော့ သျှား က အယုတ်တမာဆရာဝန်ကိုဘယ်လိုလုပ်မလည်းမသိဘူး။ ဘာဘဲဖြစ်ဖြစ် မနက်ဖြန်ရောက်မှသိရမှာဘဲလေ။ သဝဏ့်တစ်ယောက် အတွေးနယ်ချဲ့နေသည်မှာ ဘယ်လောက်တောင်ကြာသွားသလည်းမသိ။ ဘေးနားက နန်း ရောက်လာတာတောင်မှသတိမထားမိပါ။ ပြီး ဘေးနားကိုလှည့်ကြည့်လိုက်မှ ကော်ဖီခွက်ကိုကိုင်ကာ ရပ်နေသော နန်းကိုတွေ့တော့ အလန့်တကြားမေးလိုက်လေ၏။
"ဟင် အန်တီ ဘယ်တုန်းကရောက်နေတာလည်း"
ထိုအခါ နန်းက သဝဏ့်ဘက်ကို ခေါင်းလေးငဲ့စောင်းပြီးကြည့်လိုက်ကာ စကားဆိုလိုက်လေသည်။
"ငါးမိနစ်လောက်တော့ရှိပြီလေ။ နေပါအုံး။ ကလေးက တို့ရောက်လာတာကိုတောင်မှမသိရအောင် ဘယ်ကောင်မလေးအကြောင်းကိုတွေးနေရတာလည်း"
နန်း ရဲ့အမေးကြောင့် သဝဏ်လည်းပြာပြာသလဲလဲဖြင့်ပြောလိုက်လေသည်။
"အာ..ဘယ်ကောင်မလေးအကြောင်းကိုတွေးရမှာလည်း အန်တီရဲ့။ သဝဏ့်မှာလေ အန်တီကလွှဲပြီးဘယ်သူမှလည်းမရှိဘူး။ ဘယ်သူ့ကိုမှလည်းစိတ်မဝင်စားဘူး။ အန်တီကသာ သဝဏ့်ရဲ့မူပိုင်လေ"
ကလေးမစကားကြောင့် နန်းလည်း ကလေးမကိုခပ်လှလှမျက်စောင်းတစ်ချက်ပစ်ကာ ကော်ဖီကိုတစ်ငုံခန့်သောက်လိုက်ပြီး စကားဆိုလိုက်၏။
"ဒါဆိုလည်း ပြီးရော။ တို့က ကလေးအခန်းထဲကိုမဝင်သေးလို့ လိုက်လာတာ။ ကော်ဖီလည်းကုန်ပြီ ဆိုတော့ဝင်တော့မယ်"
နန်းတစ်ယောက်ထိုသို့ပြောပြီး အခန်းထဲသို့ဝင်သွားလေသည်။ သဝဏ်လည်း တစ်ချက်ပြုံးလိုက်ကာ နန်း အနောက်မှလိုက်သွားလေ၏။
အခန်းထဲကိုရောက်တော့ နန်းရဲ့ လက်ထဲက ကော်ဖီခွက်ကိုသဝဏ်ကယူလိုက်လေသည်။ ပြီး နန်းကိုတစ်ချက်ပြုံးပြကာ ရေချိုးခန်းထဲသို့ဝင်သွားလေ၏။ နန်းလည်း သဝဏ့်ရဲ့အပြုအမူကြောင့် ပြုံးလိုက်ပြီးခေါင်းကိုညင်သာစွာခါရမ်းလိုက်လေသည်။ ပြီး ကုတင်ပေါ်သို့တက်လိုက်၏။
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
Lãng mạnMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...
