အခန်း (၆၇)

3.7K 201 16
                                    

​သျှားတို့ ကားရဲ့အနောက်မှ ဂိုဏ်းသားများရဲ့ကားများကလည်းလိုက်ပါလာခဲ့လေသည်။ သို့ဖြင့် မေ့ အိမ်ကိုရောက်တော့ ခြံရှေ့မှာ Rosy က ရောက်နှင့်နေပြီဖြစ်သည်။ ခြံစောင့် ဦးဝင်းထိန်က Rosy ကိုမျက်နှာစိမ်းမို့လို့ ခြံတံခါးကိုဖွင့်မပေးသေး။ သျှားတို့ရောက်မှ ခြံတံခါးကိုဖွင့်ပေးသည်။ ထို့နောက် သျှားတို့ကားလည်း ခြံထဲသို့မောင်းဝင်လာခဲ့လေသည်။ နောက်မှ Rosy က မောင်းဝင်လာခဲ့၏။

ကားသံများကြားတော့ အိမ်ထဲမှ ကြီးကြီးမိုးနဲ့အလုပ်သမားမလေးများကထွက်လာခဲ့ကြသည်။ ပြီး ကားအသီးသီးပေါ်မှဆင်းလာကြသော ဂိုဏ်းသားများကိုမြင်ပြီးမျက်လုံးပြူးသွားခဲ့ကြသည်။ သျှားတို့လည်း ကားပေါ်မှဆင်းလိုက်ကြသည်။ ပြီး သျှားက Rosyနဲ့ ဒေဝကိုစကားဆိုလိုက်၏။

"Rosy ငါပြန်မလာမချင်း မေ့ ကိုစောင့်ရှောက်ပေးပါအုံးနော်။ ဒေဝတို့အဖွဲ့က ခြံရဲ့ပတ်ပတ်လည်မှာ လုံခြုံရေးယူထားလိုက်။ ဘာလိို့လည်းဆို ဦးလင်းရောင်က သူ့သားပျောက်နေရင် ဒီဘက်ကိုလှည့်လာနိုင်တယ်။ ငါပြောတာသဘောပေါက်တယ်နော်။ ဒါဆို ငါစိတ်ချမယ်"

"ဟုတ်ကဲ့ပါ မမလေး။ စိတ်ချပါ"

ထို့နောက်သျှားလည်း မေ့ ဘက်သို့လှည့်ပြီးစကားဆိုလိုက်၏။

"မေ နားနားနေနေ နေလိုက်အုံးနော်။ မောင် မိုးမချုပ်ခင်ပြန်လာခဲ့မယ်နော် ကလေးလေး"

မေ လည်း ချစ်ရသူကို မျက်ဝန်းရွှန်းရွှန်းလေးနဲ့စိုက်ကြည့်ကာ ခေါင်းကိုအသာငြိမ့်လိုက်သည်။

"အင်းပါ မောင်ရဲ့။ စိတ်ချပါနော်။ Rosy လည်းရှိနေတာဘဲလေ မောင်ရဲ့"

"ဟုတ်ပါပြီ။ ဒါဆို မောင်သွားပြီနော်"

သျှားလည်း ထိုသို့ပြောပြီး ကားပေါ်သို့တက်လိုက်လေသည်။ ပြီး ခြံဝင်းထဲမှ ကားအသီးသီးကမောင်းထွက်ခဲ့လေ၏။ ကျန်ခဲ့တဲ့ ဒေဝတို့အဖွဲ့ကတော့ သျှားမှာထားတဲ့အတိုင်း ခြံပတ်ပတ်လည် လုံခြုံရေးယူထားလိုက်လေသည်။ Rosy ကလည်း မေ့ နဲ့အတူ အိမ်ထဲသို့ဝင်သွားလေ၏။ တအံ့တသြနဲ့ကြည့်နေတဲ့ ကြီးကြီးမိုးနဲ့အလုပ်သမားမလေးကတော့ အခုထိဘာစကားမှမပြောနိုင်ကြချေ။ အိမ်ထဲရောက်မှ ကြီးကြီးမိုး​က မေ့ ကိုမေးလိုက်၏။

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now