အခန်း (၁၃)

4.6K 217 4
                                    

​နောက်တစ်နေ့မနက် Tuilp Group ရုံးချုပ်ရှိ CEO ရုံးခန်းထဲတွင် မေ တစ်​ယောက် လက်မှတ်ထိုးရမယ့် File များကို စစ်ဆေးနေလေသည်။ သျှား ကိုတော့ မှော်ဘီတွင်ရှိသော Tulip Group ရုံးခွဲကိုသွားပြီး စာရင်းများကို စစ်ဆေးခိုင်းရသည်။ ထို့​ကြောင့် ဒီနေ့မနက်တွင် သျှား ရုံးချုပ်မှာရှိမနေပါ။ သျှားကို စာမေးပွဲစစ်တယ်ဆိုလည်း မမှားပါဘူး။ သျှား အရည်အချင်းဘယ်လောက်ရှိလည်းဆိုတာ သိချင်ရုံ​လေးပါ။

မနက် 9:00 တိတိတွင် ကဗျာတစ်ယောက် မေ့ ရုံးခန်းထဲသို့ အထိတ်တလန့်ဖြင့်ဝင်လာလေသည်။

"မမ... မမရေ။ ဟိုဟာလေ။ ဟိုဟာ"

ကဗျာတစ်ယောက်လိုရင်းကိုမပြောဘဲ ဟိုဟာ၊ဒီဟာနဲ့ပြောနေသဖြင့် မေ တစ်ယောက်စိတ်မရှည်တော့။

"ကဗျာ လိုရင်းကိုပြော။ ဟိုဟာဒီဟာနဲ့ဘာဖြစ်နေတာလည်း"

"ဟုတ် မမ။ ဟိုဟာလေ The Beauty Maker ရဲ့ CEO ဦးရန်နိုင်က မမ ကို တွေ့ခွင့်တောင်းနေပါတယ်"

ကဗျာ့ စကားကြောင့် မေ တစ်ယောက် မျက်လုံးပြူးသွားလေသည်။ The Beauty Maker ရဲ့ CEO ဦးရန်နိုင်က။ ဒီလက်ပေါက်ကပ်တဲ့ လူကြီးက။ သုံးကြိမ်တိုင်တိုင် စီးပွားရေး ဖက်စပ်လုပ်ဖို့ ငြင်းတဲ့ လူကြီးက။ အခု မေ့ ကိုတွေ့ခွင့်တောင်းနေတယ်။ မေ အံသြပြီးရင်း အံ့သြနေ၏။ မနေ့က သျှားပြောခဲ့သလိုဘဲ။ ဦးရန်နိုင်တစ်ယောက် မနက် 9:00 မှာ စီးပွားစပ်တူလုပ်ဖို့လာပြောလိမ့်မယ်ဆိုပြီး။ မေ တစ်​ယောက် မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် ဦးရန်နိုင်ကို အထဲစေလွှတ်ဖို့ ခိုင်းလိုက်လေသည်။

"ဒီက ကျွန်တော်တို့ The Beauty Maker နဲ့ Tulip Group ကုမ္ပဏီကို ပူးပေါင်းစေချင်ပါတယ် ခင်ဗျ။ ဒါက လုပ်ငန်းစပ်တူလုပ်ဖို့အတွက် သဘောတူစာချုပ်ပါ ဒေါ်မေဘရဏီပျို။ ကုမ္ပဏီနှစ်ခု လက်တွဲရင် အာရှမှာဒီထက်မကအောင်မြင်မှုရလိမ့်မယ်လို့ယုံကြည်တဲ့အတွက်ကြောင့် ကျွန်တော် လက်ခံလိုက်တာပါခင်ဗျ။ လက်မှတ်လေးထိုးပေးပါအုံးနော်"

မေ တစ်ယောက် အံ့သြပြီးရင်း အံ့သြသွားသည်။ သျှား ပြောတဲ့စကားတွေက မှန်လှပါ့လား။ မေ လည်း လုပ်ငန်းစပ်တူပူးပေါင်းရေးစာချုပ်မှာ လက်မှတ်ထိုးလိုက်လေသည်။

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now