အခန်း (၁၀)

4.8K 258 3
                                    

သျှား တစ်ယောက် အိမ်ရဲ့အနောက်က ကားထားရာဂိုဒေါင်ဆီသို့ရောက်သောအခါ မေ ပြောတဲ့ ကားနံပါတ်ကို ရှာရသည်။ ကား ဂိုဒေါင်ထဲတွင် BMW X6 ကား အနီရောင်နှစ်စီးနဲ့ အနက်ရောင်နှစ်စီး၊ Light Truck ကား နှစ်စီး၊ Van ကား သုံးစီးကိုတွေ့ရလေသည်။

မေ ပြောတဲ့ ကားကို တွေ့တော့ မောင်းယူလာခဲ့ပါသည်။ အိမ်ရှေ့မှာ မေ က မတ်တပ်ရပ်​ပြီး စောင့်နေ၏။ သျှား ကားကို မေ့ ရှေ့တည့်တည့်တွင် ရပ်လိုက်ပြီး အောက်ကိုဆင်းကာ မေ့ အတွက် ကားတံခါးသွားဖွင့်ပေးလိုက်ပါ၏။

မေ က ခပ်တည်တည်ပင် ကားပေါ်သို့တက်လိုက်လေသည်။ ပြီး သျှား လည်း ​မောင်းသူနေရာသို့ တက်လိုက်ပြီး မေ့ အိမ်ခြံဝန်းထဲမှ မောင်းထွက်လာခဲ့လေသည်။

ကားမောင်းနေစဥ် မေ့ ကိုခိုးခိုးကြည့်ရတာ အမော။ မေ က သျှားဘက်ကိုလှည့်မကြည့် သူ့မျက်ဝန်းစူးစူးတွေက ရှေ့တူရှုကိုဘဲကြည့်နေ၏။

တစ်ယောက်နဲ့တစ်ယောက်စကားမပြောကြသေး။ ထိုတိတ်ဆိတ်နေမှုကို စတင်ဖြိုခွဲလိုက်တဲ့သူက ဒေါ်မေဘရဏီပျိို။

"မင်းနာမည် မေ့ချစ်သူလား"

မေ့ စကားကြောင့် သျှားတစ်ယောက် ကားမောင်းနေရင်းမှ မေ့ ဘက်သို့လှည့်ကြည့်လာ၏။

"မဟုတ်ပါဘူး။ ဒါပေမဲ့ အဲ့ဒီနာမည်လေးကို သဘောကျလို့ကိုယ့်ဘာသာကိုယ်မှည့်ထားတာ"

သျှား စကားကြောင့် မေ့ မျက်ဝန်းစူးစူးတွေက ဖျက်ခနဲ့ သျှားဘက်သို့လှည့်ကြည့်လာ၏။ သျှားက မေ့ ကို ပြုံးပြီးပြန်ကြည့်လိုက်၏။

"ဒီကလေးမလေးကတော့။ အဲ့ဒါဆို နာမည်အရင်းပြော"

"ဟုတ်ပါပြီ။ ကိုယ့်ကိုယ်ကိုပြန်ပြီးမိတ်ဆက်ပေးပါရစေ။ ကျွန်မနာမည်က သျှားခတ်မောင်ပါ။ နောက်ပြီး ဒီကအစ်မသိသလို ကလေကချေမလေးပေါ့နော့်"

သျှား စကားကြောင့် မေ့ မျက်နှာလေးပြုံးယောင်သန်းသွားလေသည်။

"သျှားခတ်မောင်တဲ့လား။ နာမည်လေးက လှသားဘဲ။ မင်းပုံစံကိုက​ ကလေကချေလိုမျိုး ဖြစ်နေတာကိုး။ ဘာဘဲဖြစ်ဖြစ်ပါ။ မင်း ငါ့အိမ်မှာ ​ကြိုက်သလိုနေလို့ရပါတယ်။ မင်း လိုချင်တာငါ့ကိုပြောပါ။ ငါ အကုန်ဖြည့်ဆည်းပေးမယ်။ ဒါနဲ့ မင်းအသက်ဘယ်လောက်လည်း"

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now