အခန်း (၄၀)

3.4K 182 1
                                    

ခွဲစိတ်သည့်အခန်းထဲတွင် သွေးညှိနံ့များကလှိုင်လှိုင်ထနေသည်။ ထိုအခန်းထဲတွင် ဒေါက်တာနိုင်လင်းသာမက ရာဇာစိုးနှင့် သူတူရှိုင်းထက်တို့လည်းရှိနေကြသည်။ ရှိုင်းထက်မှာ ထိုအနံ့များနှင့် မြင်နေရသော လူ့အတွင်းကလီစာအစိတ်အပိုင်းများကို မခံနိုင်သည့်အဆုံး ပျို့လာကာ အန်ချင်လာသဖြင့် အခန်းထဲမှ ပြေးထွက်ခဲ့သည်။ ရာဇာစိုးကလည်း တူဖြစ်သူရဲ့ ဖြစ်အင်ကိုကြည့်ပြီး တော်တော်လေးကို သရဲဘောကြောင်တဲ့အကောင်ဘဲဟု မှတ်ချက်ချလိုက်လေသည်။

ဒေါက်တာနိုင်လင်းမှာ လူ့ခန္ဓာကိုယ်ထဲမှ ကျောက်ကပ်တစ်လုံးကိုသာလျှင် ထုတ်ယူရုံမကဘဲ လိုအပ်တဲ့အစိတ်အပိုင်းတွေကိုလည်း ထုတ်ယူလေသည်။ ယင်းတို့ကို ထုတ်ယူမှုကြောင့် သေဆုံးသွားကြရတဲ့ လူတစ်ချို့လည်းရှိလေသည်။ ခေါ်လာတဲ့ အယောက်ငါးဆယ်မှာလည်း တစ်ဝက်ကျော်ကျော်လောက်သာလျှင် အသက်ရှင်ကျန်တော့၏။ ကိစ္စတွေအကုန်ပြီးစီးသွားသောအခါ ထိုခွဲစိတ်ခန်းထဲမှ ထွက်လာကြလေသည်။

"ကဲ ကိုရာဇာစိုး သေသွားတဲ့သူတွေကိုတော့ ခြံရဲ့အနောက်မှာ ကောင်းကောင်းမြုပ်ပေးလိုက်ဗျာ။ ဒီနေ့အတွက်တော့ ကျုပ်ရော ခင်ဗျားရော တော်တော်ရနေပြီ။ နောက်မှကျုပ်ဆက်သွယ်လိုက်မယ်"

"ကောင်းပါပြီဗျာ။ ဒါဆို မိတ်ဆွေကြီးဖြေးဖြေးပြန်နော်။ ဟေ့ကောင်တွေ ပစ္စည်းတွေကို သေချာသယ်ပြီး ဒေါက်တာ့ကိုလိုက်ပို့လိုက်စမ်း"

ရာဇာစိုးစကားအဆုံး၌ တပည့်များက ရေခဲရိုက်ထားသော ပုံးများကိုယ်စီကို ကိုင်လျက် ထွက်သွားကြသည်။ ရှိုင်းထက်ကလည်း ကျန်ခဲ့တဲ့ သူ့တပည့်များကို လှည့်ကာပြောလိုက်လေသည်။

"ကဲ ကျန်တဲ့ကောင်တွေကတော့ သေသွားတဲ့ကောင်တွေကို ခြံနောက်မှာ မြေမြုပ်ပေးဖို့ကျင်းတူးကြမယ်။ ကြားလား"

"ဟုတ်ကဲ့ပါ Boss"

ထို့နောက် တပည့်များမှာလည်း ပေါက်တူးကိုယ်စီဖြင့် ခြံအနောက်ဘက်သို့ဆင်းကာသွားလေသည်။

သျှား တစ်​​ယောက် ညနေစာထမင်းစားပြီး နောက် ခနနားပြီး ရေမိုးချိုးကာ သူ့အခန်းထဲတွင် တစ်ယောက်တည်းအတွေးနယ်ချဲ့နေသည်။ လူယုတ်မာတွေပိုင်ဆိုင်တဲ့ တရားမဝင်ကာစီနိုနဲ့Bar တွေကို Sunny ကို မနက်ဖြန် ရဲတွေကို သတင်းပေးဖို့ စေခိုင်းထားတယ်လေ။ ဒင်းတို့ရဲ့ လုပ်ငန်းတွေကိုတဖြည်းဖြည်းချင်းဖြိုဖျက်မှရမယ်။ နောက်ပြီး ငါပိုင်တဲ့ Bar တွေကို ညာတာပါတေးနဲ့ လာပြီးထောက်လှမ်းနေတဲ့ မိန်းကလေးကရော ဘယ်သူလည်း။ ရဲတပ်ဖွဲ့ဝင်ထဲကလား။ တစ်ခုခုတော့တစ်ခုခုဘဲ။ သျှားလည်း တစ်ယောက်တည်းအတွေးနယ်ချဲ့နေသည်မှာ မည်မျှကြာသွားသည်မသိပါ။ အခန်းထဲတွင် ချစ်သူလေးဝင်လာတာကိုတောင်မှသတိမထားမိချေ။

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now