ဒီနေ့စနေနေ့ဖြစ်သဖြင့် ရုံးပိတ်ပါ၏။ ရုံးပိတ်ရက်ဖြစ်သော်လည်း သျှားတစ်ယောက်ကတော့ မနက်ကတည်းကအစောကြီးနိုးနေပြီး မီးဖိုခန်းထဲတွင် ကြီးကြီးမိုးတို့နှင့်အတူ မနက်စာကူပြင်ပေးနေသည်။
"သမီးသျှားလေး မလုပ်ပါနဲ့။ သမီးပျိုက သျှားကို ဘာမှမလုပ်နဲ့လို့မှာထားတယ်လေ။ သမီးပျိုသိရင် တစ်အိမ်လုံးအဆူခံနေရပါအုံးမယ်"
" ရပါတယ် ကြီးကြီးမိုးရဲ့ ။ မေ အတွက် မနက်စာကိုသမီးကိုယ်တိုင်လုပ်ပေးချင်လို့ပါ။ ကြီးကြီးမိုးတို့ကို အဆူမခံစေရပါဘူး။ ဒါပြီးရင် ကြက်ဥကြော်မယ်နော်"
သျှား တစ်ယောက်ချစ်သူလေးအတွက် မမောနိုင်မပန်းနိုင် မနက်စာပြင်ပေးနေလေသည်။ မေ က သောကြာနေ့ နေ့လည်က သျှားလက်ရာ U.K ထမင်းကြော်က စားကောင်းတယ်ဟုပြောသည်။ ထို့ကြောင့် ဒီနေ့ မနက်စာကိုတော့ ပသျှူးထမင်းကြော်လေးလုပ်ပေးထား၏။ ပြီး မေ့ အတွက်ကော်ဖီပါအသင့်ဖျော်ပေးထားလေ၏။
မကြာမီ မေ တစ်ယောက် အောက်ထပ်ကိုဆင်းလာလေ၏။ မီးဖိုခန်းထဲတွင် မနက်စာပြင်ပေးနေသော သျှားကိုတွေ့ရလေသည်။ သျှား က မေ့ ကို မြင်သောအခါ ချစ်ချင်စဖွယ်ကောင်းအောင်ပြုံးပြလေ၏။ မေ့ ရဲ့ ဘယ်ဘက်ရင်အုံက စောစောစီးစီးအလိုက်ကန်းဆိုးမသိ ခုန်လာပြန်ပြီ။ ဒီကောင်မလေးကတော့။ ထို့နောက် မေ တစ်ယောက် ထမင်းဝိုင်းထိုင်ခုံပေါ်တွင်ထိုင်လိုက်လေ၏။
"မေ ဒီနေ့ ပသျူးထမင်းကြော်ထားတယ်နော်။ ပြီးတော့ မေ့ အကြိုက်ကော်ဖီခါးခါးလေးကို ကျွန်မကိုယ်တိုင်ဖျော်ပေးထားတယ်။ ထမင်းကြော်ကို စားကြည့်ပါအုံး။ မေ ကြိုက်မယ်ထင်တယ်"
သျှား ကထိုသို့ပြောပြီး မေ့ ဘေးနားကထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်၏။ မေ လည်းမငြင်းတော့ဘဲ သျှား ပြင်ပေးသောမနက်စာကိုစားလေသည်။ စားကောင်းသားဘဲ။ ဒီကောင်မလေး မလုပ်တတ်တာမရှိတော့ဘူးလားမသိဘူး။ မေ့ မှာမသိမသာလေးသက်ပြင်းချမိလိုက်၏။ သျှားကတော့ မေ မနက်စာစားနေတာကို ပြုံးပြီးကြည့်နေလေသည်။ ကြည်နူးနေတာကိုး။ ချစ်သူလေးက သူပြင်ပေးတဲ့ မနက်စာကိုစားနေတာဆိုတော့။
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
Lãng mạnMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...
