Morning Cafe ဆိုင်မှထွက်လာတဲ့ နန်း တစ်ယောက်ကတော့ ခုနကကိစ္စကို မကျေမနပ်ဖြစ်ကာအောင့်သက်သက်ဖြင့် သူမ ကားဆီသို့လာခဲ့လိုက်လေသည်။ ကြည့်စမ်းပါအုံး။ ဘယ်လိုလုပ်မလည်း။ ဝတ်ထားတဲ့ ရင်ဖုံးလက်ရှည်အဖြူရောင်လေးမှာ ကော်ဖီတွေဖိတ်ကျထားသဖြင့် မြင်မကောင်းအောင်စွန်းထင်နေလေသည်။ တစ်သျူးနဲ့သုတ်တာကဘယ်ပြောင်မလည်း။
အိမ်ကနေထွက်လာခဲ့ပြီး ကော်ဖီသောက်ချင်လာသဖြင့် တွေ့တဲ့ဆိုင်မှာကော်ဖီဝင်ဝယ်ပြီးထွက်လာရုံရှိသေး နမော်နမဲ့နိုင်တဲ့ ကလေးမနဲ့ဝင်တိုက်ရတယ်လို့။ လူတစ်ယောက်လုံးတောင်မမြင်ရအောင် ဘာတွေများငမ်းနေသလည်းမသိ။ နောက်ပြီး အဲ့ဒီကလေးမ။ တူမလေးနဲ့ရွယ်တူလောက်ဘဲရှိမယ်ထင်၏။ လူကိုကြည့်နေတာများ မျက်လုံးတောင်ကျွတ်ကျတော့မယ်။ အသက်ကောရှုရဲ့လားမသိဘူး။ အံ့သြပါ့။ ရုပ်ကလေးကချောပြီး ကျပ်ကောပြည့်ရဲ့လားမသိ။ နန်းကိုတစ်သျူးပေးတာတောင်မှကြောင်တောင်တောင်နဲ့။
အခုလောလောဆယ် အင်္ကျီကိစ္စကိုအရင်ရှင်းရမယ်။ ဘယ်နှယ့်လုပ်ရမလည်း။ အိမ်ကိုလည်းတကူးတကကြီးပြန်မလဲချင်။ နန်း ဝယ်စရာတွေကအများကြီးရှိသေးတယ်လေ။ ထိုစဥ်နန်းရဲ့မျက်လုံးက မျက်နှာချင်းဆိုင်တွင်ရှိသော Tulip Group ရုံးချုပ်ကိုမြင်သွားလေသည်။
ဟင်။ Tulip Group Perfume ရုံးချုပ်ပါလား။ ဒါ..ဒါဆို။ တူမလေး ရုံးထဲမှာရှိမှာပေါ့။ တူမလေးက သူ့ချစ်သူနဲ့အတူနေတာဆိုတော့ တူမလေးရှိလောက်မှာပါ။ အတော်ဘဲ။ အခန့်သင့်လိုက်တာ တူမလေးရှိတဲ့နေရာမှာမှ ဖြစ်သွားလို့တော်သေးတာပေါ့။ နန်းလည်း သျှားဆီကိုဖုန်းဆက်မေးမနေတော့ဘဲ ရုံးချုပ်ထဲသို့ဝင်ကာသွားလေသည်။
ရုံးထဲသို့နန်းဝင်လာသောအခါ ရုံးရှိဝန်ထမ်းများက နန်း ကို အံ့သြတကြီးနဲ့ကြည့်နေကြလေသည်။ ပြီး တီးတိုးတီးတိုးပြောကြလေသည်။
"ဟယ် ဘယ်ကအမျိုးသမီးလည်း။ လှလိုက်တာနော်။ တစ်ခါမှမမြင်ဖူးပါဘူး။ မျက်နှာလေးကကျက်သရေရှိလိုက်တာဟယ်"
"အေးဟယ်။ ဟုတ်ပါ့။ သူဌေးရဲ့မိတ်ဆွေလားမသိဘူး။ နန်းဆန်ပြီးကျက်သရေရှိလိုက်တာနော်"
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
RomanceMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...
