သဝဏ်တစ်ယောက် အင်းစိန် CID ကနေပြန်လာတော့ ညနေတောင်စောင်းလုနေပြီဖြစ်သည်။ ဆူးလေဘက်ကိုရောက်တော့ ဖုန်းဝင်လာသဖြင့် ကားမောင်းနေရင်းဖုန်းကိုယူကြည့်လိုက်လေသည်။ ပြီး ဖုန်းခေါ်တဲ့သူကိုကြည့်လိုက်တော့ သဝဏ်ရဲ့မျက်လုံးလေးများကဝိုင်းစက်သွားကာ ရင်ခုန်သွားလေသည်။ ဖုန်း contact မှာ မှတ်ထားတဲ့နာမည်လေးက My Aunty ဆိုပြီး ဘေးနားကနေ အသည်းပုံလေးတွေဝန်းရံထားတဲ့ နာမည်လေး။ သဝဏ်ရင်ခုန်စွာနဲ့ဖုန်းကိုကိုင်လိုက်၏။
"ဟဲလို အန်တီ ပြောပါရှင့်"
"ကလေးမ မင်းအားတယ်ဆိုရင် အန်တီတစ်ခုလောက်အကူအညီတောင်းချင်လို့ပါ"
တစ်ဘက်ကနန်းစကားကြောင့် သဝဏ်လည်းချက်ချင်းအဖြေပြန်ပေးလိုက်လေသည်။
"ဟုတ် အန်တီ။ သဝဏ်အားပါတယ်။ ပြောပါအန်တီ"
"အန်တီ့ကားက ဘာဖြစ်သွားမှန်းလည်းမသိဘူး ကလေးမရဲ့။ အဲ့ဒါ မင်းအဆင်ပြေရင် အန်တီ့ဆီကိုလာခဲ့စမ်းပါ့လား"
မင်းအဆင်ပြေရင်အန်တီ့ဆီကိုလာခဲ့စမ်းပါ့လားတဲ့။ အန်တီ့အတွက်ဆိုရင် သဝဏ့်မှာအဆင်မပြေဘူးဆ်ိုတာမရှိပါ။
"ဟုတ်အန်တီ သဝဏ်လာခဲ့ပေးပါ့မယ်။ အန်တီကဘယ်နားမှာလည်း"
"ဆူးလေရဲစခန်းနားက ဆောက်လက်စတိုက်အိမ်ခြံဝန်းလေ ကလေးမ။ အန်တီစောင့်နေမယ်နော်"
တစ်ဘက်က ထိုသို့ပြောပြီးဖုန်းကိုချလိုက်၏။ သဝဏ်လည်း ကားကိုချက်ချင်းပင် ထိုနေရာသို့ဦးတည်လိုက်လေသည်။
နန်းလည်း ဖုန်းကိုချပစ်လိုက်ပြီး သက်ပြင်းကိုခပ်ဖွဖွချမိလိုက်၏။ ဘာဖြစ်လို့ ကလေးမလေးဆီကိုဖုန်းဆက်မိတာပါလိမ့်။ အမှန်ဆိုရင် တူမလေးနဲ့ Sunny တို့ဆီကိုဆက်လည်းရတာဘဲ။ ကလေးမလေးအသံကိုကြားချင်လို့လား။ ဒါမှမဟုတ် ကလေးမလေးကိုတွေ့ချင်လို့လား။ နန်းလည်း မိမိစိတ်ကိုမိမိမခန့်မှန်းတတ်တော့ပါ။
သဝဏ်လည်း အန်တီရဲ့ ဆောက်လက်စတိုက် အိမ်နားကိုရောက်တော့ အန်တီကိုရှာလိုက် လေ၏။ တွေ့ပါပြီ အန်တီ့ကို။ သူ့ရဲ့ဆောက်လက်စအိမ်ခြံဝန်းနဲ့မလှမ်းမကမ်းမှာ သူ့ရဲ့ကားကိုရပ်ထားပြီး ကားကို လက်ပိုက်ကာကြည့်နေလေ၏။ ကြည့်ရတာ ကားကတစ်ခုခုဖြစ်ပုံပေါ်ပါ၏။ သဝဏ်လည်း အန်တီ့ကားရဲ့အနောက်မှာ ကားကိုရပ်လိုက်ကာ ကားပေါ်မှဆင်းပြီး အန်တီ့ဆီကိုသွားလိုက်လေသည်။
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
RomanceMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...
