အခန်း (၄၆)

2.8K 184 8
                                    

Sunny တစ်ယောက် ကင်မရာကနေဖမ်းယူထားသော ရှိုင်းထက်တို့တူမဝရီးနှစ်ယောက်ရဲ့စကားများ​​ကြောင့် မျက်လုံးပြူးသွားလေသည်။ ဟာ လူယုတ်မာတွေက မမလေးမေဘရဏီပျိုကိုအရယူမလို့ကြံစည်နေကြပါ့လား။ မဖြစ်ဘူး။ မမလေးဆီကိုအကြောင်းကြားမှ။ မမလေးတို့စုံတွဲက ခုထိဘန်ကောက်ကနေပြန်မရောက်သေးဘူး။ မနက်ဖြန်တော့ပြန်ရောက်ကောင်းပါရဲ့။ Sunny လည်း မမလေးချစ်သူဖြစ်သော မေဘရဏီပျိိုအတွက်စိတ်ပူနေရပါ၏။

သျှားတို့နှစ်ယောက်မှာလည်း မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာသည်။ အိမ်ကိုရောက်တော့ နေ့လည် 12:00 တောင်ရှိနေပြီဖြစ်သည်။ နေ့လည်စာကိုတော့လမ်းမှာစားခဲ့ပြီးဖြစ်၏။ အိမ်သို့ရောက်ရောက်ချင်း Sunny ကဖုန်းခေါ်၏။ သျှားလည်း အခန်းထဲကိုအမြန်ဝင်ပြီး ဖုန်းကိုကိုင်လိုက်၏။ မေ ကတော့ သျှားရဲ့အပြုအမူကြောင့် ထူးဆန်းနေသည်။ မောင်ကတော့ ရောက်ရောက်ချင်းသူ့အခန်းထဲကိုတန်းဝင်သွားတာဘာဖြစ်လို့ပါလိမ့်။ ပြီး မောင့်ဖုန်းလာတာမလား။ ဘာလို့ အခန်းထဲမှာသွားပြောနေတာလည်း။ ငါ့ရှေ့မှာပြောလည်းရတာကို။ ဘယ်သူကဖုန်းဆက်တာပါလိမ့်။ မေ တစ်ယောက် အခန်းထဲကိုကပြာကရာဝင်သွားတဲ့သျှားကိုမျက်မှောင်ကြုပ်ကာကြည့်လိုက်လေသည်။

သျှားတစ်ယောက် အခန်းထဲကိုရောက်တော့ Sunny ဖုန်းကိုကိုင်လိုက်၏။

"Sunny ဘာထူးပြီလည်း"

"အရေးကြီးတယ် မမလေး။ တည်နေရာကိုပြောပါ"

"Forest Night Bar ကိုအဖွဲ့ခေါင်းဆောင်တွေအကုန်စုလိုက်ပါ။ ငါ ခု နေ့လည် 1:00 မှာထွက်လာခဲ့မယ်"

"ဟုတ်ကဲ့ပါ မမလေး"

သျှားထိုသို့ပြောပြီးဖုန်းချလိုက်၏။ ပြီး ရေချိုးရန်အတွက်ရေချိုးခန်းထဲသို့ဝင်လိုက်လေသည်။ ထို့နောက် ရေချိုးပြီး အနက်ရောင်လယ်ခွေအင်္ကျီလေးကိုဝတ်ဆင်လိုက်၏။ ပြီး အပေါ်ကအနက်ရောင်ဟူဒီအင်္ကျီကိုထပ်ကာဝတ်လိုက်လေသည်။ ဘောင်းဘီကိုတော့ အနက်ရောင်ဂျင်းဘောင်းဘီကိုဝတ်လိုက်လေသည်။ ထို့နောက် ဆိုင်ကယ်သော့ကိုယူကာ အခန်းပြင်သို့ထွက်ခဲ့လိုက်၏။

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now