သဝဏ်တစ်ယောက် တမြန်နေ့ညနေက ခြံကြီးထဲရှိလူသေမှုများကို သတင်းပေးသောသူရဲ့ ဖုန်းနံပါတ်ကိုတစ်ချက်ပြန်ရှာကြည့်လိုက်လေသည်။ တမြန်နေ့က ညနေခြောက်နာရီခွဲလောက်ဖြစ်မယ်ထင်၏။ ထို့ကြောင့် ဖုန်းနံပါတ် မှတ်တမ်းကိုတစ်ချက်ပြန်ကြည့်လိုက်လေသည်။
ဟော..တွေ့ပါပြီ။ ဒီဖုန်းနံပါတ်ဖြစ်မယ်ထင်၏။ ညနေခြောက်နာရီခွဲအချိန်။ သဝဏ်လည်း ထိုဖုန်းနံပါတ်ကိုမိမိဖုန်းထဲရိုက်ထည့်လိုက်လေသည်။ ပြီး Contact တွင် အသင့်မှတ်ထားပြီးဖြစ်သော ပေါ်လာသောနာမည်ကြောင့်မျက်လုံးပြူးသွားလေ၏။
"ဟာ..ဒီဖုန်း...ဒီဖုန်းနံပါတ်က သျှားရဲ့ဖုန်းနံပါတ်ပါလား။ ဒါ...ဒါဆို။ မဟုတ်မှလွှဲရော။ အဲဒီ့နေ့ညနေက အမမေဘရဏီပျိုကိုလူယုတ်မာတွေဖမ်းခေါ်သွားကြတာလေ။ ဒါဆို လူယုတ်မာတွေက မြို့စွန်ကခြံကြီးထဲမှာ အမမေကိုဖမ်းထားကြတာဘဲ။ ဒါဆို..သျှားက အဲဒီ့ခြံအထိ အမမေကိုသွားကယ်ပြီး အလောင်းတွေတွေ့လို့ ငါတို့ဆီကိုဖုန်းဆက်လာတာဘဲ"
သဝဏ်တစ်ယောက်ထိုသို့တွေးပြီး အံ့သြတကြီး တစ်ယောက်တည်းတီးတိုးရေရွတ်လိုက်လေသည်။ တစ်ခုခုတော့တစ်ခုခုဘဲ။ ငါအတည်ပြုစရာရှိသေးတယ်။ ထို့နောက်သဝဏ်လည်း ချက်ချင်းပင် ဆူးလေသို့ထွက်လာခဲ့လိုက်လေသည်။
Tulip Group ရုံးချုပ်သို့ မေ တစ်ယောက်ရောက်ရှိလာသောကြောင့် ကဗျာမှာလည်း ဝမ်းသာမဆုံးတော့ပေ။
"တော်သေးတာပေါ့ မမရယ်။ ဘာမှမဖြစ်လို့။ ကဗျာလေ သျှားလေးဆီကိုချက်ချင်းဖုန်းဆက်လိုက်တာ။ သျှားလေးကလည်း ချက်ချင်းဘဲ မမကိုလိုက်ရှာတာ။ တော်သေးတာပေါ့။ သျှားလေးကအချိန်မှီရှာတွေ့သွားလို့။ သျှားလေးက တော်တော်လေးကိုအားကိုးရတယ်နော်"
ကဗျာ့စကားကြောင့် မေ တစ်ယောက်ပြုံးမိလိုက်လေ၏။ ဟုတ်တာပေါ့။ မေ့ ရဲ့မောင်က အားကိုးရတယ်လေ။ မောင် ရှိနေလို့ မေ ဘာမှမဖြစ်တာ။ မောင် ရှိနေလို့လည်း မေ က လူယုတ်မာတွေလက်ထဲကနေအကြိမ်ကြိမ်လွတ်ခဲ့တာ။ မောင့် ကိုမေ လေ အရမ်းကျေးဇူးတင်တာဘဲ သိလား။
"ဟုတ်တာပေါ့ ကဗျာရဲ့။ မောင် က သိပ်ကိုအားကိုးရတယ့်သူဘဲလေ။ မောင့် ရဲ့ ချစ်သူဖြစ်ရတာ ငါ ကံကောင်းတာဘဲ"
YOU ARE READING
Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖
Storie d'amoreMs. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) (သွေးအေးပြီး ရက်စက်သော မြေအောက်ရာဇာဂိုဏ်းရဲ့ မာဖီးယားအဖွဲ့ခေါင်းဆောင် မိန်းမချောလေး သျှားခတ်မောင်။ စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်း ဖြစ်သော Tulip Group Perfume Company ၏ ဥက္ကဌတစ်ယောက်၊ The Golde...
