အခန်း (၅၁)

2.8K 161 5
                                    

မနက်ခင်းရောင်နီလာသောအခါ သျှားတစ်ယောက်နိုးထလာခဲ့၏။ ပြီး ချစ်သူလေးက သျှားရင်ခွင်ထဲ၌ နှစ်ခြိုက်စွာအိပ်မောကျနေလေသည်။ မနေ့ညနေကဖြစ်သွားတဲ့ ထိတ်လန့်စရာကိစ္စရပ်တွေကြောင့်မလို့ ချစ်သူလေးမှာ ညက တော်တော်နဲ့အိပ်မပျော်ပါ။ သျှားက ချစ်သူလေးကို ချော့သိပ်ကာ နှစ်ခြိုက်စွာအိပ်စက်စေလိုက်၏။ ကလေးရယ်။ နှလုံးသားလေးက နုနယ်တဲ့ မောင့်ကလေးလေးကိုမှ ဒီလိုကိစ္စတွေကဖြစ်လာရတယ်လို့။ ကလေးလေးသာတစ်ခုခုဖြစ်ရင် မောင့်ကိုမောင်လည်း ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး။ လူယုတ်မာတွေ။ သတ်ပစ်မယ်။

ဒီနေ့တော့ ရုံးမသွားတော့ပါ။ ချစ်သူလေးဘေးနားမှာ တစ်နေကုန်ရှိနေပေးပြီး ချစ်သူလေးကိုမနေ့ ညနေကအဖြစ်အပျက်တွေမေ့နိုင်အောင်ကုစားပေးလိုက်ပါမယ်။ ပြီးမှ ကဗျာ့ဆီကိုဖုန်းဆက်လိုက်မယ်လေ။ ထိုစဥ် သျှားရင်ခွင်ထဲမှ ချစ်သူလေးကလည်း နိုးထမည့်ဟန်ဖြင့် လူးလွန်ကာလာခဲ့လေသည်။ ပြီး သျှားကို စကားဆိုလိုက်၏။

"မောင် ဒီနေ့ ရုံးမသွားတော့ဘူးနော်။ ပြီးမှ ကဗျာ့ကိုဖုန်းဆက်ပြီးလှမ်းပြောလိုက်မယ်။ ကဗျာလည်း စိတ်ပူနေလောက်မှာ"

သျှားလည်း ချစ်သူလေးရဲ့ပါးပြင်ကိုမြတ်နိုးစွာနမ်းရှိုက်လိုက်လေသည်။

"မောင်လည်း ဒီနေ့ရုံးမသွားတော့ဘူးလို့ပြောမလို့လေ မေ ရဲ့။ မေ့ ဘေးနားမှာမောင်တစ်နေကုန်ရှိနေပေးမယ်နော် ကလေးလေး"

သျှားစကားကြောင့် မေ့ ရဲ့ နှုတ်ခမ်းပါးလေးကပြုံးမိလိုက်ကာ ခေါင်းလေးကိုအသာငြိမ့်ပြီး သျှားရင်ခွင်ထဲကိုအတင်းတိုးဝင်လိုက်လေသည်။

မနက်မိုးလင်းကတည်းက အင်းစိန် CID တွင် မနေ့ညက လူသေမှုများအတွက် သဝဏ်တစ်ယောက်အလုပ်ရှုပ်လို့နေ၏။ အလုပ်ရှုပ်နေရင်းကြားထဲမှာပင် အန်တီ့ကိုတောင်သတိရမိပါ၏။ အန်တီနေရောကောင်းရဲ့လားဟင်။ သဝဏ့်ဆီကိုဖုန်းလည်းမဆက်။ ဘာလည်းမဆက်နဲ့။ နေနိုင်လိုက်တာ အန်တီရယ်။ အန်တီစိမ်းကားလွန်းအားကြီးတယ်။

File တွဲကိုကိုင်ပြီး ငေးငိုင်ကာရပ်နေသော သဝဏ့်ကို ဇင်မာက ထူးဆန်းသလိုကြည့်လိုက်၏။ ပြီး သဝဏ့်ရဲ့ လက်မောင်းကိုလှုပ်ကာစကားဆိုလိုက်မှ သဝဏ်လည်းသတိပြန်ဝင်လာ၏။

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now