အခန်း (၅၅)

3.3K 170 16
                                    

မနက်ခင်းရောင်နီလာတော့ သဝဏ်တစ်ယောက်နိုးထလို့လာခဲ့လေသည်။ ပြီး ရင်ခွင်ထဲ၌ နှစ်ခြိုက်စွာအိပ်မောကျနေသော နန်းကို တစ်ချက်ကြည့်ပြီး သဝဏ့်နှုတ်ခမ်းပါး​လေးကပြုံးမိလိုက်လေ၏။ အန်တီရယ်။ သဝဏ် အိမ်မက်မက်နေတာတော့မဟုတ်ပါဘူးနော့်။ အန်တီက တကယ်ကြီးသဝဏ့်ရင်ခွင်ထဲမှာလေ။ သဝဏ့်မှတ်ဥာဏ်ထဲမနေ့ညက ရင်ခုန်စရာညတစ်ညကိုပြန်မြင်ယောင်လာခဲ့သည်။ မနေ့ညက အန်တီ့ရဲ့ပါး​လေး။ နောက်ပြီးနဖူးလေး။ နောက်ပြီးတော့ နှုတ်ခမ်းပါးလေးတွေကိုသဝဏ်နမ်းမိလိုက်တာလားဟင်။ အန်တီရယ်။ မြတ်နိုးဖို့ကောင်းလိုက်တာ။ သဝဏ်လည်း ရင်ခုန်စွာနဲ့ မိမိရင်ခွင်ထဲ၌ နှစ်ခြိုက်စွာအိပ်မောကျနေသော နန်းရဲ့ နဖူးပြင်လေးကိုမြတ်နိုးစွာနမ်းရှိုက်လိုက်မိပြန်သည်။

နဖူးပြင်ပေါ်မှ ပူနွေးသောအထိအတွေ့များကြောင့်ထင်၏။ နန်းရဲ့ မျက်ခုံးလေးကတစ်ချက်ပင့်သွားလေသည်။ ပြီး မျက်ခွံလေးကိုအားယူကာဖွင့်ကြည့်လိုက်တော့ နွေးထွေးတဲ့ရင်ခွင်တစ်ခုလေးထဲရောက်နေတာကိုသတိထားမိလိုက်၏။ နန်း တစ်ယောက် မနေ့ညက အ​ဖြစ်အပျက်များကိုမြင်ယောင်မိပြီး မျက်နှာလေးကရဲခနဲဖြစ်သွားလေသည်။ ပြီး ရင်ဘက်ထဲကအကောင်ပေါက်ကလေးများမှာလည်း စောစောစီးစီးထခုန်ပြန်၏။ မိမိနိုးနေသည်ကိုကလေးမကသိသည်ထင်၏။ ကလေးမလေးက ရုတ်တရတ်စကားဆိုလိုက်လေသည်။

"အန်တီ နိုးနေပြီလားဟင်။ ထရအောင်နော်"

ထိုအခါကျမှ နန်း လည်း ကလေးမလေးရင်ခွင်ထဲမှ ခွာလိုက်ကာ ညင်သာစွာထလိုက်လေသည်။ ပြီးအပြင်ကိုလှမ်းကြည့်လိုက်တော့ နေတောင်ပွင့်နေပြီဘဲ။ သဝဏ်က အိပ်ရာထဲကမထသေးဘဲ နန်းရဲ့မျက်နှာလှလှလေးကိုသာလျှင် ပြုံးပြီးစိုက်ကြည့်နေ၏။ လှလိုက်တာအန်တီရယ်။ အိပ်ရာထတဲ့ပုံစံလေးကိုက နန်းဆန်ပြီးလှလိုက်တာ။ နန်း လည်း ဘေးနားမှာရှိနေသော ကလေးမလေးကို တစ်ချက်ကြည့်လိုက်လေသည်။ ဘုရားရေ။ မယ်မင်းကြီးမက မထသေးဘဲနဲ့ လူကိုပြုံးပြီးကြည့်နေတယ်တော့။ ဘယ်လိုဟာလေးပါလိမ့်။ ညကလည်း လူကိုတစ်ညလုံးထိုင်ကြည့်နေသလားမပြောတတ်။ နန်း လည်း လက်ပိုက်ကာ မိမိကိုပြုံးပြီးရွှန်းရွှန်းစားစားစိုက်ကြည့်နေသော သဝဏ့်ကိုစကားဆိုလိုက်လေသည်။

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now