အခန်း (၆၃)

4K 172 10
                                        

သျှား တစ်ယောက်လည်း နန်းဆီကဖုန်းရပြီးသကာလ မေ့ ကိုလေးယောက်သားလျှောက် လည်ဖြစ်မယ်ဖြစ်ကြောင်းပြောလိုက်လေသည်။

"မေ သဝဏ်လည်းပြန်ရောက်လာပြီတဲ့။ လေးယောက်အတူလည်မယ်တဲ့။ အဲဒါ ဒေါ်လေးနဲ့သဝဏ်က မောင်တို့အိမ်ကိုလာလိမ့်မယ်။ မောင်တို့ အဝတ်အစားလဲထားရအောင်လေ"

သျှားစကားကို မေ လည်း ခေါင်းငြိမ့်လိုက်ကာ သျှားကိုပြောလိုက်၏။

"အင်းပါ မောင်ရဲ့။ မောင် က ​ ခေါက်ဆွဲစားနေတာမပြီးသေးဘူးလေ။ မောင် အရင်ပြီးအောင်စားပါအုံး"

မေ့ စကားကြောင့် သျှားလည်း ခေါက်ဆွဲစားနေရင်းဖြင့် မေ့ ကိုပြောလိုက်၏။

"မေ အရင်အဝတ်အစားသွားလဲလိုက်နော်။ မောင် စားပြီးမှလိုက်လာခဲ့မယ်"

"ရပါတယ်။ မောင် စားပြီးတဲ့အထိစောင့်ပါ့မယ်။ မေ့ ချစ်သူလေးက ခေါက်ဆွဲစားနေတာလေးကိုက ချစ်စရာလေးမို့"

မေ တစ်ယောက်ပြောပြောဆိုဆိုနှင့် သျှား နှုတ်ခမ်းနားတစ်ဝိုက်ပေကျံနေသော ဆီများကိုတစ်သျူးလေးဖြင့် ကြင်နာနူးညံ့စွာသုတ်ပေးနေမိ၏။ သျှား လည်း မေ့ ကိုချစ်စဖွယ်ကောင်းအောင်ပြုံးကြည့်ကာ ခေါက်ဆွဲကိုခပ်မြန်မြန်ပင်စားလိုက်၏။

"ကဲ ကုန်သွားပြီ။ လာ အဝတ်အစားသွားလဲရအောင်"

သျှားတစ်ယောက်ထိုသို့ပြောပြီးထိုင်ရာမှထလိုက်၏။ မေ လည်း အတူထရပ်လိုက်လေသည်။ ပြီး နှစ်ယောက်သား အခန်းထဲသို့အသီးသီးဝင်သွားကြလေသည်။

နာရီဝက်လောက်ကြာတော့ သဝဏ်နဲ့နန်းတို့ရဲ့ ကားလေးက မေ့ ခြံရှေ့သို့​ရောက်ရှိလာ​လေသည်။ ခြံစောင့်ဖြစ်သော ဦးဝင်ထိန်က အကြောင်းသိပြီးဖြစ်၍ တံခါးကိုဖွင့်ပေးလိုက်၏။ သို့ဖြင့် သဝဏ်တို့ကားလေးက ခြံထဲသို့မောင်းဝင်လာခဲ့သည်။ သျှားတို့နှစ်ယောက်ကတော့ အဝတ်အစားများလဲနှင့်ပြီးအောက်ထပ်တွင်စောင့်နေကြပြီဖြစ်သည်။ ပြီး ခြံထဲတွင် ကားသံကြားသဖြင့် အပြင်သို့ထွက်ကြည့်လိုက်သောအခါ ကားထဲမှ နန်းနဲ့သဝဏ်တို့နှစ်ယောက် ဆင်းလာသည်ကိုတွေ့လိုက်ကြ၏။ နန်း နဲ့ သဝဏ်တို့နှစ်ယောက်လည်း ကားပေါ်ကနေဆင်းလာပြီး မေ တို့အနားသို့ရောက်လေ​သည်။ နန်း က မေ နဲ့သျှားကိုနှစ်လိုဖွယ်ကောင်းအောင်ပြုံးပြ၍ စကားဆိုလိုက်၏။

Ms. Mafia & Ms. CEO (မာဖီးယားခေါင်းဆောင်ရဲ့ ဧကရီ) Season (1) (Complete) 🌷💖Where stories live. Discover now