Part 82.2

276 51 0
                                    


Part 4

သူက ကျန်းလီရဲ့တောင်ပေါ်အပို့ခံလိုက်ရတဲ့ ကိစ္စကိုထုတ်ပြောလိုက်တဲ့အခါ ဘေးနားက သခင်မတွေကစတင်ပြီး တီးတိုးပြောဆိုကြတော့တယ်။ လုရှီက ကြိတ်သရော်လိုက်ပေမယ့် သူကကျီရှုးရန်ရဲ့ဂုဏ်ယူနေတဲ့ပုံကြီးကိုလည်း မကြည့်ချင်တာကြောင့် ထပ်ပြောလိုက်တယ်။

"ကျွန်မအမြင်တော့ လူတစ်ယောက်နှစ်ယောက်လောက်ရှာပြီး မိန်းကလေးလီကို စောင့်ရှောက်ဖို့ထည့်ပေးလိုက်တာက ပိုကောင်းတယ်လို့ထင်တယ် နန်းတော်ကြီးက အရမ်းကြီးပြီး သူက အခုမှဒီကို ပထမဆုံးအကြိမ်ရောက်ဖူးတာဆိုတော့ လမ်းပျောက်သွားနိုင်တာပဲ"

ကျီရှုးရန်က ပိုပြုံးလိုက်ပြီး "အဆင်ပြေပါတယ် ယွီအာလည်း ရှိနေတာပဲဟာ ပြီးတော့ လမ်းပြပေးမယ့်နန်းတွင်းသူလေးလည်း ရှိတယ်လေ ညီမက နန်းတော်ထဲမှာ မလုံခြုံမှာကိုစိုးရိမ်နေတာလား တော်ဝင်အစောင့်တွေအများကြီးက စောင့်ကြပ်နေကြတာကို မလုံခြုံစရာဘာအကြောင်းမှ မရှိပါဘူး"

လုရှီက ကြောက်လန့်ဆွံ့အသွားတယ်။ ဘာပဲဖြစ်နေပါစေ သူ့အနေနဲ့ နန်းတော်ရဲ့လုံခြုံရေးကို သံသယဝင်ဖို့အခွင့်မရှိဘူးလေ။ ဧကရီမိဖုရာကြီးလည်း ရှိနေတဲ့အပြင် ဒီစကားတစ်လုံးနှစ်လုံးကြောင့် အဝေးက ကိုယ်လုပ်တော်လီကလည်း သူမကိုကြည့်နေတာမြင်တော့ လုရှီရဲ့ရင်ထဲ တုန်လှုပ်သွားရပြီး အပြုံးတစ်ခုက မျက်နှာပေါ် ချက်ချင်းရောက်လာကာ ယဥ်ယဥ်ကျေးကျေးလေး ပြန်ပြောလိုက်တယ်။

"ကျွန်မက ကလေးတွေအတွက် စိတ်ပူသွားလို့ပါ ယောင်းမ ၁ပြောတာ မှန်ပါတယ် ဘာမှမဟုတ်တော့ပါဘူး"

လုရှီရဲ့မိသားစုက နောက်ခံကောင်းရင်တောင် လက်ရှိကျီအိမ်တော်ရဲ့ အဆင့်အတန်းနဲ့တော့ ယှဥ်လို့မရသေးဘူး။ တခြားအရာတွေကို ဖယ်ထားဦး သူတို့မှာ ဒီဧကရာဇ်ရဲ့ဦးစားပေးခံရတဲ့ ကိုယ်လုပ်တော်လီ တစ်ယောက်လုံးရှိနေတာနဲ့ပဲ ဘယ်သူက ယှဥ်နိုင်မှာလဲ? ဘယ်သူက ယှဥ်ရဲမှာလဲ?

ကျီရှုးရန်ကတော့ လုရှီရဲ့ရန်စမှုကိုတောင် စိတ်မခုနိုင်ဘဲ အခုပဲရထားတဲ့သတင်းဖြစ်တဲ့ ကျန်းလီနဲ့ယဲ့ရှီကျယ်တို့ နှစ်ယောက်လုံးအခန်းထဲရောက်သွားကြပြီဆိုတာကြောင့် အရမ်းကိုကျေနပ်ပီတိဖြစ်နေတော့တယ်။ နှစ်ယောက်လုံးက မူးနေကြပြီးပုံမှန်အသိစိတ်ရှိနေကြမှာ မဟုတ်တဲ့အပြင် အခန်းထဲမှာ ထွန်းထားတဲ့စိတ်ကြွစေတဲ့ အမွှေးတိုင်ကြောင့် စိတ်ရိုင်းမဝင်ဘဲနေနိုင်မှာ မဟုတ်ဘူး။

You've reached the end of published parts.

⏰ Last updated: 19 hours ago ⏰

Add this story to your Library to get notified about new parts!

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now