Chapter 95 တို့ဟူး(၁)
[စိတ်အေးအေးထား sis အရေးကြီးတဲ့အဆင့်တွေကို မင်းလွတ်သွားနိုင်လောက်တာမို့ ပဲနို့များများ မြန်မြန်လုပ်ထားသင့်တယ်နော်]
[ပဲနို့ဘယ်လောက်ကောင်းလဲဆိုတာ ငါ ပြောပြလို့တောင်မတတ်တော့ဘူး ပဲနို့နွေးနွေးလေးက အရမ်းချိုမြိန်ပြီး ငါ့ကို နွေးထွေးသွားစေတယ် ဒီလောက်များတဲ့ပဲနို့တွေကို ကုန်အောင်သောက်နိုင်လိမ့်မယ်လို့ ထင်တောင်မထင်ထားခဲ့မိဘူး နင်တို့တွေ ဒါကို မြင်ယောင်ကြည့်နိုင်ရဲ့လား]
အတိုချုပ်ပြောရလျှင် အခြေအနေအရပ်ရပ်က ထိုသို့ဖြစ်ပျက်နေခြင်းပင်။ သူတို့၏မှတ်ချက်များကို ကြည့်ပြီး သူ့တစ်နေ့တာက ပျော်ရွှင်မှုတွေ ပြည့်နှက်နေတော့မည်မှန်း ကုပိုင်သိပါ၏။
"တို့ဟူးလုပ်ရတာ မခက်ပါဘူး လူတိုင်းက နောက်ပိုင်းမှာ ကျွန်တော် မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုကနေ တို့ဟူးလုပ်နည်းကို သင်ယူနိုင်ကြမှာပါ" ဟု ကုပိုင်ပြုံးပြီး ပဲစေ့များ မရှိတော့သောပရိသတ်များကို နှစ်သိမ့်ပေးလိုက်သည်။
"ပဲနို့လုပ်ပြီးရင် ကျွန်တော်တို့ တို့ဟူးလုပ်ပါတော့မယ် ဒီတစ်ခါတော့ စားသုံးလို့ရတဲ့ ဂျစ်ပဆမ်မှုန့်ကို သုံးမှာပါ သူ့ထဲမှာရှိတဲ့ ကယ်လ်စီယမ်ဆာလဖိတ်က ပဲပိစပ်ပရိုတင်းကို ထိန်းပေးတယ် ပြီးရင် ကျွန်တော်တို့ တို့ဟူးရလိမ့်မယ် စိတ်မပူပါနဲ့ ဂျစ်ပဆမ်မှုန့်အများစုက ရေနဲ့အတူ ပျောက်ကွယ်သွားတာကြောင့် တို့ဟူးထဲမှာ များများစားစား ကျန်နေတော့မှာမဟုတ်ပါဘူး ဂျစ်ပဆမ်မှုန့်အချိုးအစားက ပဲရဲ့ 2 %ကနေ 8% ဖြစ်သင့်ပေမယ့် ဒီတစ်ခါမှာတော့ ကျွန်တော်က 5% လုပ်ပါမယ် ဒါကြောင့် ဂျစ်ပဆမ်မှုန့် ၁၅ဂရမ်ကို ရေနဲ့ရောပြီး 1:1.5 အချိုးနဲ့သုံးမယ် ပြီးရင်တော့ ရ ရေ ၅ခွက်ထည့်ပြီး အခဲဖြစ်လာဖို့အတွက် ခနရပ်ထားလိုက်ပါမယ် အရင်က အအေးခံထားတဲ့ပဲနို့ 90 ဒီဂရီစင်တီဂရိတ်ကိုရောက်တာနဲ့ ချန်ထားတဲ့ပဲအနှစ်တွေကို သူ့ထဲလောင်းထည့်ပြီး မြန်မြန်နဲ့ပုံမှန်မွှေပေးပါ ပြီးရင် အဖုံး,ဖုံးပြီး ဆယ့်ငါးမိနစ်လောက် ပေါင်းခံပါမယ်"
