Chapter 96 တို့ဟူး(၂)
သူတို့ တစ်ယောက်တည်းမဟုတ်မှန်း သိလိုက်ရ၏။ သူတို့အပါအ၀င် အခြားဂြိုလ်ရှိ ပဲများအားလုံးသည်လည်း ရောင်းထွက်ခဲ့သည်။ ပဲအဟောင်းများအပါအဝင်ပင်။ ဝေးလံခေါင်သီသောဂြိုလ်များ၏ ကုန်တိုက်ပေါ်ရှိ ပဲများပင်လျှင် အော်ဒါမှာယူခြင်း ခံခဲ့ရသည်။ ထို့အပြင် ဖောက်သည်များသည် ထိုဂြိုလ်များပေါ်ရှိ နေရာတိုင်းမှလာသူများဖြစ်လေသည်။
M05 : လူတွေ ပဲအများကြီးဝယ်ကြတဲ့ အကြောင်းရင်းက အတိအကျကိုဘာလဲ။
M11 : မသိဘူး ပဲစေ့တွေကို ထုတ်ရောင်းလိုက်ချိန်တုန်းက နှစ်ပတ်လည်အစီရင်ခံစာမှာ မင်းတို့အားလုံးကို အနိုင်ယူပြီး တစ်နှစ်တာအကောင်းဆုံးဝန်ထမ်းအဖြစ် ခန့်အပ်ခံရဖို့က ငါ့အတွက်ဖြစ်လာတော့မှာလို့တွေးပြီး ကိုယ့်ကိုယ်ကို ဂုဏ်ယူနေတာ အဲဒီအတွက် အဘိုးက ငါ့ကို ဆုချမယ်လို့တောင် တွေးနေခဲ့မိတယ် ရှက်စရာကောင်းလိုက်တာကွာ ငါ ဘာမဟုတ်တာအတွက် ပျော်နေခဲ့မိတာပဲ။
M07: ပါးစပ်ပိတ်ထား၊ ဟေ့ကောင်။
M15 : ဘာဘဲဖြစ်ဖြစ် အကြောင်းရင်းက ဘာတဲ့လဲ စျေးကွက်ကိုလွှမ်းမိုးဖို့ ငါတို့ရဲ့ပြိုင်ဘက်တွေက ပဲတွေအကုန်လုံးကို ဝယ်ယူခဲ့တာများလား။
M09 : No.15 ၊ စာများများဖတ်သင့်တယ်လို့ ငါ ထပ်ခါတလဲလဲပြောတုန်းက မင်းဘာလို့ ငါ့စကားကို နားမထောင်ခဲ့ရတာလဲ ဒီမေးခွန်းကိုမေးတာ မင်းရူးနေလို့မဟုတ်ဘူးလား မင်းက ငါတို့အားလုံးထဲမှာ အဆိုးရွားဆုံးရောင်းသူဖြစ်နေတာ အံ့သြစရာမဟုတ်တော့ဘူး။
M15 : မင်းက ပြီးခဲ့တဲ့နှစ်တွေမှာ အဆိုးဆုံးပဲ ပြီးတော့ မင်း ဒီနှစ်မှာလည်း အတူတူပဲဖြစ်လိမ့်မယ်။
M20 : အဖြေရှာတွေ့သွားတာ ငါဖြစ်လိမ့်မယ် ဒီမှာလင့်ခ်: www.baixiaobai.lubo.com ။
.............
ကုပိုင်သည် တိုဟူးလုပ်ပြီးသောအခါ အခြားအစားအစာကို မပြုလုပ်တော့ပေ။ ယခုလက်ရှိတွင် နေ့လည်နှစ်နာရီရှိနေပြီဖြစ်ပြီး တို့ဟူးပုံပေါ်လာရန်က တစ်နာရီလောက် ကြာလိမ့်မည်ဖြစ်သည်။
![](https://img.wattpad.com/cover/358709586-288-k199759.jpg)