Chapter 83
ကုပိုင်က သူဘယ်လောက်လိုအပ်သည်ကို ကြိုဆိုရေး၀န်ထမ်းအားပြောပြပြီး မည်သည့်အချိန်ပို့ပေးမှာလဲဟု မေးလိုက်၏။
စားကျက်မြေကို ယခုထိ အပြီးမသတ်ရသေးသော်လည်း၊ ကုပိုင်သည် စားကျက်မြေပြီးသည့်နောက် သောင်းနှင့်ချီသော သားပေါက်လေးများမွေးမြူရန် စီစဉ်ထားသည်။
ယနေ့ သူဝယ်သည့်သားပေါက်လေးများက သူ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်လေသည်။
[ကြိုဆိုရေးဝန်ထမ်း : သူတို့ကို ဘယ်ကို ပို့ပေးစေချင်တာလဲရှင့်]
[ကုပိုင် : M95 ဂြိုလ်ပါ]
[ကြိုဆိုရေး၀န်ထမ်း : တောင်းပန်ပါတယ် လူကြီးမင်းရှင့် ကြက်၊ ဘဲ၊ ငန်းသားပေါက်လေးတွေက ခရီးရှည်ကြီးသွားဖို့အတွက် ငယ်လွန်းပါတယ် ဒါကို သာမာန်ပို့ဆောင်မှုအဖြစ် ပြောင်းလဲလိုက်ရင် တစ်လကြာမှာမို့ အဝေးအော်ဒါတွေကို လက်မခံပါဘူးရှင့် ဒါပေမဲ့ ဝက်၊ နွား၊ ဆိတ်သားပေါက်လေးတွေကိုတော့ အဲဒီကို ပို့ပေးနိုင်ပါတယ်]
ကုပိုင် ပြောစရာစကားပျောက်ရှသွားရသည်။
အဲ့ဒီချစ်စရာလေးတွေကို ဘယ်လိုမွေးမြူရမလဲဆိုတာ သူ စိတ်ကူးယဉ်ထားပြီးသားလေ။ ဒါပေမယ့် သူရလာတဲ့အဖြေက ဒီလိုတဲ့လား။
သူနေထိုင်သော အစွန်အဖျားဂြိုဟ်သည် ဗဟိုကြယ်အပြင် အခြားဂြိုလ်များနှင့် ဝေးကွာလွန်းသောကြောင့် သယ်ယူပို့ဆောင်ခစျေးကြီးသည်မှန်း သူနားလည်ပါသည်။ သို့သော် ၎င်းက ဒီလိုရလဒ်မျိုးကို သူလက်ခံနိုင်မည်ဟု မဆိုလိုပါချေ။
ယခင် ကုပိုင် အခြားပစ္စည်းများ၀ယ်သည့်အချိန်တုန်းက ပို့ဆောင်ခ ဈေးကြီးကြီးပေးခဲ့ရသော်လည်း သူ့အော်ဒါကိုတော့ မည်သူမျှ ငြင်းဆန်ခြင်းမရှိခဲ့ပေ။
M95 ဂြိုလ်သည် ဝေးလံသော်လည်း၊ ၎င်းသည် အင်ပါယာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေဆဲဖြစ်သည်။ ကြယ်စင်စုခေတ်ကြီးမှာ ပို့ဆောင်ရေးလုပ်ငန်းတစ်ခုက
ဘယ်လိုလုပ် ကောင်းကောင်းမလည်ပတ်နိုင်ရသေးတာလဲ။ချက်ခြင်းဆိုသလိုပင် ကမ္ဘာပျက်ကပ်မတိုင်မီ ပို့ဆောင်ရေးဝန်ဆောင်မှုများမှတစ်ဆင့် သူတို့လိုချင်သောအရာကို မရသည့်အချိန် ထိုလူများ မည်သို့ခံစားရသည်ကို သူအနည်းငယ်နားလည်သွားရ၏။
