Chapter 87 မုမုက အရမ်းချစ်စရာကောင်းတယ် (၁)
တိုက်ရိုက်ထုတ်လွှင့်မှုပြီးနောက် ကုပိုင်သည် မုမုနှင့်အတူ အိမ်ပြန်လာပြီး ထမင်းစားရန် အိမ်တော်ထိန်းကုထံ မက်ဆေ့ချ်ပေးပို့လိုက်သည်။
မုမု ဤကမ္ဘာသို့ ရောက်ရှိလာကတည်းက အထူးသဖြင့် လယ်နှင့်တောအုပ်များကဲ့သို့သော နေရာများသို့သွားရန် နှစ်သက်သည်။
ဤကမ္ဘာတွင်၊ ကုပိုင်သည် သူနှင့်မုမုတို့၏ သစ်သားစွမ်းရည်ကို ပြန်လည်ကျင့်ကြံရန်အတွက် အသုံးပြုနိုင်သည့် core များကို ယခုထိ ရှာမတွေ့သေးပေ။ သူ့ယခင်ဘဝတွင်၊ ဖုတ်ကောင်များ၏ဦးခေါင်းများရှိ core များသည် သူတို့၏စွမ်းရည်level တိုးတက်စေရန်အတွက် သော့ချက်ဖြစ်သည်။
ဤကမ္ဘာတွင် ဖုတ်ကောင်တွေမရှိချေ။ cores နှင့် ဆင်တူသည့်အရာတွေ ရှိ၊ မရှိနှင့် ပတ်သက်၍ ထိုသို့သောအရာများကို သူသိခွင့်မရှိသေး။
သို့သော်၊ အပင်စိုက်ပျိုးနေစဥ်နှင့် ချက်ပြုတ်နေစဉ်တွင်၊ ကုပိုင်သည် သစ်သားစွမ်းအင်ဖျော့ဖျော့ကို ခံစားခဲ့ရပြီး ဒါက သူ့သစ်သားစွမ်းအင်နှင့်တော့ ကွဲပြား၏။
ကုပိုင် အပင်များ၏အညှောက်ပေါက်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် မျိုးစေ့များထဲ စွမ်းအင်ထည့်လိုက်သောအခါ၊ မျိုးစေ့များထံမှ စွမ်းအင်ပြန်ရခဲ့သည်။ ဒါက သူဆုံးရှုံးသွားသော စွမ်းအင်များကို ဖြည့်ဆည်းပေးနိုင်စွမ်းမရှိသော်ငြား ကန့်သတ်ချက်ကို ချဲ့ထွင်နိုင်သည်။ ပြောရပါက သူ သူ၏စွမ်းရည်ကို ဤနည်းဖြင့် အဆင့်မြှင့်တင်နိုင်လေသည်။
သို့သော်လည်း အပင်စိုက်ပျိုးရခြင်းက နည်းပါးသောကြောင့် ထိုအသွင်ကူးပြောင်းမှုသည် သူအဆင့်မြှင့်တင်ရန်အတွက် အားပျော့လွန်းလှသည်။ ကောင်းသည့်အချက်က သူ့ကိုယ်သူတိုးတက်အောင်လုပ်နိုင်သည့် နည်းလမ်းတစ်ခု ရှာတွေ့ခဲ့ခြင်းပင်။
ချက်ပြုတ်သည့်အခါ ကုပိုင်သည် ချက်ပြုတ်ပြီးသွားသည့်ဟင်းလျာများထံမှ စွမ်းအင်ဖျော့ဖျော့ကိုလည်း ခံစား၍ရသည်။ ၎င်းသည် သူဆုံးရှုံးသွားသောစွမ်းအင်ကို ပြန်လည်ရရှိရန် ကူညီပေးနိုင်ရုံသာမက သူ level တက်နိုင်မည့်ကန့်သတ်ချက်ကိုလည်း ချဲ့ထွင်နိုင်မည်ဖြစ်သည်။
