Chapter 98 လယ်ကွင်းထဲ လမ်းပတ်လျှောက်ခြင်း(၂)
ကုပိုင် ပရိသတ်များ၏လမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်တော့ ပေါ့ပေါ့ပါးပါး လျှောက်သွားနေသော နွားများနှင့် သိုးများကို တွေ့လိုက်ရသည်။
စားကျက်မြေဧရိယာ၌ မြက်များ မပေါက်ဖွားလာသေးပဲ မြေအောက်တွင်ရှိနေဆဲဖြစ်သောကြောင့် ၎င်းတို့သည် မြက်စားမည့်အစား လျှောက်သွားခြင်းသာပြုလုပ်နိုင်ကြသည်။
"ဒါက စားကျက်မြေဧရိယာလေ အဲ့မှာ ကျွန်တော် နွားသိုးတွေ၊ နွားတွေကို မွေးမြူထားတာ သူတို့က လူတွေကို မထိခိုက်ပါဘူး" ဟု ကုပိုင်က ရှင်းပြသည်။ "သူတို့ ကြီးလာရင် ကျွန်တော် သူတို့ကို အမဲသားနဲ့ သိုးသားလုပ်မယ် အဲ့ဒီနောက်မှာ ကျွန်တော်တို့စားဖို့ သိုးသားကင်တွေနဲ့ စတိခ်တွေ ရှိလာမှာပေါ့"
[သွားရည်မကျပဲ မနေနိုင်တော့ဘူး ငါ ဒါတွေကို တစ်ခါမှမကြားဖူးရင်တောင် သူတို့က အရသာရှိမယ့်ပုံပေါက်တယ်]
[အဲ့ဒါ ရှောင်ပိုင်က စားဖိုမှူးဖြစ်လို့လေ ချက်ပြုတ်တဲ့အခါ သူ မင်းတို့ကို စိတ်ပျက်စေဖူးလို့လား]
[ကိုယ့်လူ မင်းက နွားတွေ၊သိုးတွေကို ကိုယ်တိုင်မွေးတယ်ပေါ့လေ မယုံနိုင်လောက်စရာပဲ အဲ့ဒီကနေ အသီးအရွက်နဲ့ အသားတွေ လုံလုံလောက်လောက် အထောက်အပံ့ရခဲ့ရင် မင်းဘယ်လောက်တောင် ချမ်းသာသွားမလဲဆိုတာ ငါတွေးကြည့်လို့တောင် မရဘူး]
[သူတို့ကို ငါတို့ကိုယ်တိုင် ပြုစုပျိုးထောင်နိုင်ရင် အကောင်းဆုံးဖြစ်လိမ့်မယ် ကုန်တိုက်ထဲမှာရှိတဲ့ကုန်ကြမ်းတွေက အရမ်းဈေးကြီးတယ်လေ တစ်လမှာ အများကြီးမစားဘူးဆိုပြီး ကိုယ့်ကိုကိုယ်ထိန်းချုပ်ထားရင်တောင် ငါဆို ထမင်းတနပ်စားဖို့ မတတ်နိုင်သေးဘူး]
[ဒါက ဘာကြောင့် ရှောင်ပိုင်က ငါတို့လိုသာမန်လူတွေရဲ့ အကြိုက်ဆုံးစားဖိုမှူးဖြစ်နေရလဲဆိုတာပဲလေ ငါတို့က အပင်ဘယ်လိုစိုက်ပျိုးရမလဲဆိုတာသိရင်တောင် ဘာကျွမ်းကျင်မှုမှမရှိဘူး သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ သူ့ဟင်းလျာတွေကို မြည်းစမ်းနိုင်တာကိုက ငါတို့အတွက် ဆုလာဘ်တစ်ပါးဖြစ်နေပြီ တစ်သက်လုံး ငါဒီလိုပဲလုပ်သွားမှာ!]
