Chapter 85

455 81 1
                                    

[ဟေ့လူ၊ ခင်ဗျားက ပေါက်ကရတွေပြောနေတာပဲ ရှောင်ပိုင် ကျုပ်တို့ကို အရင်ကတည်းက စိတ်ပျက် အောင်လုပ်ခဲ့ဖူးတာ ရှိလို့လား]

[ဒါအမှန်ပဲ ရှောင်ပိုင် နင့်ရဲ့နောက်ဆုံးပြိုင်ပွဲတုန်းက ဟင်းလျာတွေကို နာမည်ပေးခဲ့တာ အရမ်းပြည့်စုံတယ် အခုလုပ်မယ့်ဖက်ထုပ်တွေအတွက်ရော နာမည်ကောင်းကောင်းလေးရှိလား]

[ရှောင်ပိုင် ငါတို့ကို တခြားကဗျာလေးတွေ ထပ်ပြောပြတာ ကြားချင်သေးတယ်၊ ကဗျာကို ပထမဆုံးအကြိမ် ကြားလိုက်ရတုန်းကဆို အရမ်းစိတ်ကြည်နူးစရာကောင်းတယ်လို့ ခံစားလိုက်ရတာပါဆိုနေ၊ ထန်မင်းဆက်က ကဗျာဆရာတွေက ဒီလိုလက်ရာကောင်းတွေလုပ်နိုင်တဲ့ထိ အရမ်းကိုထက်မြက်ကြတာပဲ ရှောင်ပိုင် နင် တခြားကဗျာတွေကိုရော သိလား?]

"ခဏလေး" ကုပိုင် သူ့မှတ်ဉာဏ်များကို ပြန် တွေးတောကြည့်လိုက်ပြီးနောက် ပြုံးပြီး " တစ်ပုဒ်တော့သိတယ် ဖက်ထုပ်နဲ့ ခေါက်ဆွဲတွေက နှစ်သစ်ရဲ့ ပျော်ရွှင်မှုအတွက် ပြိုင်ဆိုင်နေကြပြီး ကျီချိုက်ရဲ့ အရသာက လူတွေရဲ့သွားနဲ့ စားလက်စတူတွေပေါ်မှာ ကျန်နေပါသေးတယ် အထူးသဖြင့်၊ နွေဦးရဲ့အစမှာ ပန်းကန်ပြားပေါ် အများဆုံးရှိတဲ့အစားအစာက ဖက်ထုပ်ပါပဲ"

ကဗျာက ယနေ့သူလုပ်မည့် ဖက်ထုပ်နှင့် လိုက်ဖက်လှ၏။

"ကဗျာကို 'ဖက်ထုပ်'လို့ခေါ်ပြီး ချင်မင်းဆက်က ကဗျာဆရာ လီအာ ရေးသားခဲ့တာဖြစ်ပါတယ်" ကုပိုင် ပရိသတ်များကို ရှင်းပြလိုက်သည်။

တကယ်တော့ ကဗျာက လူကြိုက်သိပ်မများခဲ့ပေ။ ထိုသူက အရသာရှိသည့်အရာများ ချက်ပြုတ်ရခြင်းကို နှစ်သက်ကြောင်းသာ ကုပိုင်မှတ်မိနေခဲ့သည်။

[ကဗျာက အရမ်းလှတာပဲ၊ နားထောင်ရတာ ကြည်နူးစရာ]

[ချင်မင်းဆက်လား ငါတို့ ထန်မင်းဆက်အကြောင်း ပြောနေတယ်လို့ ထင်နေတာလေ]

"ရှေးခေတ်ကမ္ဘာမြေမှာတုန်းက ကျွန်တော်တို့ရဲ့အင်ပါယာဟာ သမ္မတနိုင်ငံတစ်ခုမဖြစ်ခင် ပဒေသရာဇ်အင်ပါယာဖြစ်ခဲ့ဖူးတယ်ဗျ ကျွန်တော်တို့တွေ မင်းဆက်များစွာကို တွေ့ကြုံခဲ့ရပြီး နောက်ဆုံးမင်းဆက်ကတော့ ချင်မင်းဆက်ပါခင်ဗျာ" ဟု ကုပိုင်က အတိုချုံးမိတ်ဆက်ပေးလိုက်သည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now