Ep 12
မြူ တစ်ယောက်ကျောင်းဝန်းထဲကိုဝင်လာသည်နှင့်မျက်နှာတွင်အပြုံးပန်းတို့ပွင့်နေလေသည်။ထိုအချိန်တွင်သစ်ပင်အောက်မှာရပ်နေသောဇေယျာ့ကိုတွေ့လိုက်ရသည်။ဇေယျာ ကမြူကိုတွေ့တာနဲ့ပြုံးလိုက်ကာမြူ့ဆီသို့တန်းတန်းမတ်မတ်ကို ရောက်လာလေသည်။မြူ လည်း သူ့အနားသို့ရောက်လာသောသူအားပြန်ပြုံးပြကာ
"ကျွန်တော်က ဒီနေ့ဇေယျာ့ကိုမလာတော့ဘူးလို့တောင်ထင်နေတာ"
"ဟင် ဘာလို့လဲ ""နေ့တစ်ဝက်ထဲမို့လို့လေ"
"ဪခဏနေပြန်တော့မှာမြူ ရဲ့ကိုယ်သွားစရာရှိသေးလို့် အဲ့ဒါအခုမြူ့ကိုချောကလက်လာပေးတာ""ဟင် ကျွန်တော့်ကိုဘာဖြစ်လို့လဲ "
"ချစ်သူများနေ့မှာကိုယ်ချစ်ခင်နှစ်သက်တဲ့သူတွေကိုလည်းပေးလို့ရတယ်လေ အဲ့ဒါကြောင့်မြူ ကိုပေးတာ ဒါနဲ့မြူ့လက်ထဲကဟာကရော"ဇေယျာ့က မြူ ကျောင်းဝန်းထဲဝင်လာထဲကကိုင်လာသည့်မြူ့လက်ထဲကချောကလက်ကိုတွေ့၍မေးလိုက်လေသည်။ဇေယျာ့အမေးကိုမြူက ခပ်ပြုံးပြုံးဖြင့်...
"ဪဒါလားကျွန်တော်လည်းဇေယျာ့လိုပဲလေ"
"ဟုတ်ပါပြီ ကိုယ်မမေးတော့ပါဘူးအခုကိုယ်သွားပြီနော် ရော့ "
"ဟုတ်ကဲ့"ဇေယျာကနှုက်ဆက်ပြီးတာနဲ့ချောကလပ်ပေးကာ ကျောင်းဝန်းအပြင်သို့ထွက်သွားတော့သည်။မြူ လည်း သူ့လက်ထဲက ချောကလက်ကိုကိုင်ကာကျောင်းခန်းပေါ်သို့တက်လာခဲ့သည်။
ဒီပါက သူ့ကိုလာပေးသောချောကလက်တွေပန်းတွေကိုယူကာခုံပေါ်တွင်ပြန်ထားပြီးတာနဲ့
ဝရန်တာသို့ပြန်ထွက်ခဲ့သည်။ထိုအခါချောကလက်ကိုင်ကာဒီပါတို့ဆီသို့မြူ ကလာနေလေသည်။စည်သူတို့အတွဲနှင့်ဒီပါကမြူ့ကိုသေချာကြည့်နေသည်။ထို့အတူ ဘေးအခန်းကကောင်မလေးတွေကောင်လေးတွေကလည်းမြူ ကိုင်လာသည့်အရာတွေကဘယ်သူရမလဲလို့ကြည့်နေကြသည်။ထိုအချိန်မြူ က ဒီပါရှေ့သို့ခြေလှမ်းတို့ကိုရပ်လိုက်၍ဒီပါကမြူ ကိုကြည့်ကာ...
"မြူ ဘယ်ဝင်နေတာလဲကြာလိုက်တာ"
"ငါလား ဒါတွေဝယ်နေတာ" ဒီပါကမြူ့လက်ထဲကအရာတွေကိုကြည့်ကာ
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...