Ep 69

9.5K 323 6
                                    

Ep 69

ဒီနေ့နဲ့ဆိုမြူလည်းစင်္ကာပူရောက်သွားတာသုံးရက်ပင်ဖြစ်နေပြီ။ဒီနေ့ကလပြည့်နေ့မို့လို့ဘုရားသွားချင်သော်လည်းချစ်ရသူလေးကမရှိသောကြောင့်စည်သူတို့နှင့်သာချိန်းရတော့သည်။စည်သူတို့ကဆိုင်ကိုပဲလာမည်ဟုပြောသောကြောင့်ဒီပါတို့ဆိုင်မှာသာဆုံကြလေသည်။ဆိုင်ကလပြည့်နေ့ဖြစ်၍ဒီနေ့ပိတ်ပေမယ့်ဒီပါကတော့ဆိုင်မှာသာနေဖြစ်သွားသည်။ခဏအကြာစည်သူတို့ရောက်လာသည်နှင့် ဒီပါ့အားစတင်၍စကားနာထိုးတော့သည်။

"ဒီပါ သားကြီး မျောက်မှိုင်မှိုင်နေပါလား"
"စည်သူ လပြည့်နေ့နော်ငါမဆဲချင်ဘူး"

ဒီပါကကော်ဖီဖျော်ရင်းပြောနေကာ
စည်သူနှင့်ပြည့်ဖြိုးကတော့ ဒီပါ့ကိုကြည့်ကာပြုံးစိစိနှင့်ပင်။ဒီပါကကော်ဖီဖျော်ပြီးသည်နှင့်စည်သူတို့ရှေ့သို့ချပေးလိုက်ကာ....

"ကော်ဖီသောက်အုံး ပြီးမှဘုရားသွားကြမယ်"
"အခုတော့ငါတို့ကိုလိုအပ်ပြီပေါ့လေ သူ့ဟာလေးနဲ့အဆင်ပြေတုန်းကငါတို့ကိုတောင်မေ့နေပြီးတော့"

"စည်သူ ငါကော်ဖီခွက်ပြန်သိမ်းရမလား မင်းပါးစပ်ပိတ်မလား"
"ပြောပြတာကိုမင်းကလည်း ဒါနဲ့မြူကဘယ်နေ့ပြန်လာမှာလဲ"

"တပတ်လောက် ကြာမယ်တဲ့ဒါနဲ့ငါမင်းတို့ကိုပြောစရာရှိတယ်"
"ပြောလေဘာပြောမှာလဲ"

ပြည့်ဖြိုးကပြောတော့ဒီပါကစည်သူနှင့်ပြည့်ဖြိုးအားအနားသို့ခေါ်ကာတိုးတိုးလေးပြောနေသည်။
ပြီးသည်နှင့်စည်သူမျက်နှာကြီးကပြုံးဖြီးလာကာ.....

"အမယ် ကူညီပေးရမယ်ပေါ့ "
"အေး အဲ့ဒါကူညီပေးရမယ် "

"တစ်ဝိုင်းနော် အဲအခါကျရင်တော့"
"ဖြစ်စေရမယ် အဝတိုက်မှာ"

ပြီးသည်နှင့်သုံးယောက်သားလက်ဝါးချင်းရိုက်ကာအကြံအောင်ဖို့နည်းလမ်းတွေစခင်းနေတော့သည်။ခဏအကြာဆိုင်မှထွက်ကာဘုရားသွားရန်ထွက်လာခဲ့ကြသည်။

ညနေခင်းအိမ်ပြန်လာချိန်တွင်ဒီပါတစ်ယောက်ရေချိုးနေရင်းမျက်နှာကပြုံးနေလေသည်။ခဏအကြာရေချိုးခန်းထဲကထွက်လာပြီး အဝတ်စားရွေးနေချိန်ဖုန်းလာသောကြောင့်ကိုင်လိုက်ကာ...

မြူ(Complete)Where stories live. Discover now